Zgy
5
ဘတ်ဟျွန်းက ဗလာကျင်းသွားတဲ့ဉီးဏှောက်နဲ့အတူ ခြေလှမ်းတွေဟာ chanyeol ဆီ အလိုအလျောက်ရွေ့လျားနေမိတယ်။
ရုတ်ခနဲ ဆွဲခံလိုက်ရတဲ့ လက်ကောက်ဝတ်ရယ် ပြိုကျသွားတဲ့ ကိုယ်ခန္ဓာတစ်ခုရယ်။ဘတ်ဟျွန်းလက်ကောက်ဝတ်ကို ကယောင်ဆူက လှမ်းဆွဲလိုက်တာဖြစ်ပြီး ပြိုကျသွားတဲ့ ကိုယ်ဟာတော့....
"ဘတ်ဟျွန်း မင်းရူးနေတာလား ရန်ပွဲထဲကို ဘာသွားလုပ်မလို့လဲ။"
"ချန်းယောလ်..."
"စီနီယာလား စီနီယာချန်းယောလ်က ဘာလို့ပါလာတာလဲ မင်းကိစ္စလဲ မဟုတ်ပဲနဲ့..."
"ချန်းယောလ်ရော ...ချန်းယောလ်.."
အချက်ပေးသံတွေ ဆူဝေနေတဲ့ အသိစိတ်ဟာ ဘတ်ဟျွန်းရင်တွေကို ဆူလောင်စေတယ်။ တကယ်ပဲ ဘတ်ဟျွန်းရူးများသွားတာလား။ ဒါမှမဟုတ် ဆေးများမှားထားလေသလား။
"အခု ဘယ်သူ့ကို အရိုမသေခေါ်နေတာလဲ.."
အသံသြသြ။ ဒီအသံဟာ ဘယ်သူ့အသံလဲ အသေအချာသိပါလျက် မယုံကြည်နိုင်စွာ လှည့်ကြည့်မိသည်။ အမှန်ပင် စီနီယာချန်းယောလ်ဖြစ်သည်။
နဖူးတစ်လျှောက်သွေးစီးကြောင်းဟာ လည်ဂုတ်တွေအထိ ။ မထီမဲ့မြင်လုပ်လိုက်တိုင်း ပေါ်လာတဲ့ ပါးခြိုင်းထက်မှာ မလိုက်ဖက်တဲ့ ဒဏ်ရါဟာ ညိုမဲလို့။
ဘတ်ဟျွန်း ဘာစကားမှ မပြောပဲ ဒီတိုင်းလေးငေးကြည့်နေမိတာ။"ဘတ်ဟျွန်းကို ကိုယ်ခဏ ငှါးမယ်နော်.."
မင်ဆော့နဲ့ ကယောင်ဆီတစ်ချက်ဝေ့ကြည့်လို့ ခပ်ပြုံးပြုံးမျက်နှာနဲ့
ကယောင်ဆူကိုင်ထားဆဲ လက်ကောက်ဝတ်လေးကို ဖိကိုင်လာတဲ့ ကြမ်းရှရှလက်ဖဝါးဟာ အကြောပြိုင်းပြိုင်းထလို့။အယောင်ယောင်အမှားမှားနဲ့ ကယောင်ဆူရော မင်ဆော့ပါ ခေါင်းညိမ့်ပြီးမှ။
"ဟို ....ဟို မဟုတ်သေးဘူးလေ စီနီယာ..
ဘတ်ဟျွန်းကို ဘာလုပ်မလို့လဲ..""စိတ်ချ အကောင်းတိုင်းပြန်ပို့ပေးမယ်.."
မယုံကြည်နိုင်ပေမယ့် စီနီယာချန်းယောလ်ကိုလဲ တကယ်ကြောက်တာမို့ လည်ကန်ကန်နဲ့ လျှောက်နေတဲ့ ကယောင်ဆူနဲ့ မင်ဆော့ရှေ့ကို
စီနီယာရဲ့ သူငယ်ချင်းတြွေဖစ်တဲ့ ဂျုံအင်ဆိုတဲ့တစ်ယောက်ရယ် တရုတ်ကပြောင်းလာတဲ့ ကျန်းရိရှင်းရယ် ပိတ်ရပ်လိုက်တာမို့ နှစ်ယောက်စလုံး မှားပြီမှန်းနားလည်လိုက်ရသည်။
ဒီတစ်ဖွဲ့လုံး ဘယ်လောက်ထိ လက်ရဲဇာတ်ရဲလဲ တစ်ကျောင်းလုံးအသိ။