Zgy
3
ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ဘတ်ဟျွန်းတို့သုံးယောက် ကျောင်းမုန့်ဈေးကို ပြေးဖို့ပြင်နေကြတာဖြစ်သည်။
"ကလင် ကလင် ကလင်.."
electric bell လေးရဲ့ အသံမြည်လာတာနဲ့ ကျောင်းပေါက်ကိုသုံးယောက်သား ကြိုရောက်နေကြပြီ။
"ဘတ်ဟျွန်း ဒီနေ့မင်းစိုက်ထားလိုက် ငါမနက်ဖြန်ပြန်ဝယ်ကျွေးမယ်..."
"ဟေ့ရောင် မားသားကြီးက အဆင့်မတက်လို့တဲ့ ငါမုန့်ဖိုးမရပါဘူးဆို.."
"မင်ဆော့..."
နှစ်ယောက်သားတစ်ပြိုင်တည်း ခေါ်ပြီး ပြုံးဖြီးထားတာ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်တဲ့အထိ။
"ငါ့မှာ တစ်လလုံးစာအတွက် ဝမ် ၁၀၀၀၀ ပဲကျန်တော့တာနော် မင်းတို့ မျက်နှာတွေကိုပြင်လိုက်စမ်း ဒီလတော့ မရတော့ဘူး.."
"ဟားး ဒါဆို အခုမုန့်ဈေးသွားပြီး တောင်းစားကြမှာလား ငါတို့က ..."
ဘတ်ဟျွန်းရဲ့ ဂျစ်တစ်တစ်စကားကို ကယောင်ဆူက..
"အေး အဲ့အစီအစဉ်လဲ မဆိုးဘူးသားရီး.."
"ခွီးးးးး"
သုံးယောက်သား ခွက်ထိုးခွက်လန် ရယ်မိကြတော့သည်။ ထိုစဉ်..
"အ အ ...
ဘာကြီးနဲ့ ညှိနေတာတုန်းဟ..."ဘတ်ဟျွန်း အလန့်တကြားအော်လိုက်တာကို ဟိုနှစ်ကောင်က မျက်လုံးပြူး မျက်စံပြူးနဲ့ လက်ညိုးတစ်ထိုးထိုး..
"ဟေ့ရောင်တွေေ..ာမို့ ရပ်ကြည့်နေကြတာလား လာဖြုတ်ပေးဉီးဘာကြီးနဲ့ ညှိ ...ညှိ..."
လှည့်ကြည့်လိုက်တဲ့ ဘတ်ဟျွန်းခေါင်းလေးကို သနားသွားသည်။ သူညှိနေတာ ဗြမ္မာခေါင်းဆောင်ကြီး...
ပြဿဒါး ကြီး..."စီနီယာ ဘာဖြစ်လို့ ဘတ်ဟျွန်းကို...."
"မင်းတို့သူငယ်ချင်းနဲ့ စာရင်းရှင်းစရာရှိတယ် ခဏ ခေါ်သွားဉီးမယ်နော်..."
"အာ ဟုတ်ကဲ့ခင်ဗျ.."
"မဟုတ်... မထားခဲ့... ဟေ့ရောင်တွေ..."
ချာကနဲလှည့်ပြေးသွားကြတာ ကျားလိုက်တဲ့အတိုင်း ။ ကာလနာလေးတွေ မတရားအားကိုးရတာ ဆိုတာ...