Zgy
6
"ဟေ့ ကိုယ့်ကောင်လေးလုပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား.."
"စီနီယာ ဘာလို့ အရမ်းအော်နေတာလဲ..."
"မင်းကို သဘောကျလို့လေ.."
"စီနီယာ.."
ကျောင်းသွားကျောင်းလာသူတွေကြားမှာ အာကျယ်ပါကျယ်ပြောနေသော စီနီယာကြောင့် ဘတ်ဟျွန်းမျက်နှာတွေ ပူထူလာသည်။ တကယ်ပဲ ဘယ်လိုတောင်အရှက်နည်းလိုက်တဲ့ စီနီယာပါလိမ့်။
ဘတ်ဟျွန်း မနေ့က မဆင်မခြင်ဖွင့်ပြောလိုက်မိတာ နောင်တလာချင်လာသည်။
တကယ်ကို မပြောလိုက်သင့်တာ။"ဘယ်လိုလဲ အသည်း ကိုယ်နဲ့တွဲမယ် မဟုတ်လား.."
"စီနီယာ ဘယ်လိုဖြစ်နေတာလဲ လူတွေနဲ့လေ..."
"အင်းလေ အဲ့တာဘာဖြစ်လဲ ကိုယ့်အသည်းရဲ့.."
"စီနီယာ အဲ့လိုထပ်ခေါ်နေမယ်ဆို ကျွန်တော်.."
"အင်း ဘာဖြစ်လဲ.."
"တကယ် စိတ်ဆိုးတော့မှာ.."
"ကိုယ့်ကောင်လေး စိတ်ဆိုးရင် ကိုယ်ကချော့မှာပေါ့.."
ရဲတက်လာတဲ့ နားရွက်ဖျားတွေဟာ အသည်းယာချင်စရာ။ လည်ပင်းစပ်လေးရဲနေတာကို ကျောင်းအင်္ကျီအစပ်ကနေ မြင်နေရသည်။ Park chanyeol ကတော့ ဒီချာတိတ်လေးဆီမှာ တကယ်ကို ကိုယ်တိုင်ပျောက်ဆုံးသွားတော့သည်။
မျက်ဝန်းလေးမှေးနေတာကအစ
နှုတ်ခမ်းလေးဆူနေတာအထိ
မြတ်နိုးတဲ့မျက်စိနဲ့ကြည့်တဲ့အခါ သက်တံ့တစ်ဆင်းလို ငြိမ်းချမ်းအေးမြနေပါတယ်။chanyeol ကတော့ဒီ ချာတိတ်ကို အပိုင်ရမှကို ဖြစ်တော့မည်။
ပုခုံးပေါ်လက်တင်လိုက်တဲ့အခါ တောင့်တင်းသွားတဲ့ ကိုယ်လေးကို Chanyeol သတိထားမိပေမယ့် ကရုမစိုက်စွာ ။ လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေကို ငုံ့မိုးမြတ်နိုးလိုက်ချင်သည်။ ကျောင်းဝင်းထဲမှာ ဖြစ်နေလို့သာပေါ့။
"စီနီယာ..."
"Yeol လို့ခေါ်ပါလား.."
"စီနီယာ ပတ်ဝန်းကျင်ကို ..."
နွေးခနဲ နစ်ဝင်သွားတဲ့ ဘတ်ဟျွန်းပါးပြင်လေးတစ်ဖက်။ တစ်သိမ့်သိမ့်စီးဆင်းနေတဲ့ ရင်ဘတ်ထဲက စမ်းချောင်းလေး။ မသေချာသေးဘူးလို့ ထင်ထားတဲ့ ပုစ္ဆာတွေ အကုန်တစ်ပြိုင်တည်းအဖြေရလိုက်သလိုပင် နှလုံးသားလေးက ဖြေလာပါသည်။ စီနီယာချန်းယောလ်မှ မဟုတ်ရင် မဖြစ်ဘူးတဲ့။