အဲ့ဒီ စိတ်ဒဏ်ရာရချင်လောက်စရာ အတွေ့အကြုံကနေရုန်းထွက်နိုင်ဖို့ မိနစ်သုံးဆယ်လောက် အချိန်ယူခဲ့ရတယ်။ ငါအိပ်ရာပေါ်ကနေ ကုန်းရုန်းထလိုက်ပြီး ရေချိုးဖို့အတွက် ရေချိုးခန်းဆီကို တရွတ်တိုက်သွားလိုက်တယ်။
ငါ့ရဲ့ ရှင်သန်လိုစိတ်ကြောင့် အစောပိုင်းက မခံစားမိခဲ့ပေမယ့် အခုလုံခြုံသွားတဲ့အခါမှာ မချိမဆံ့နာကျင်မှုက ငါ့ရဲ့ ခါးနေရာ နောက်ကျောဘက်ကနေ မြှီးညှောင်ရိုးအထိ ခံစားနေရတယ်။ မှန်ဆီကို လှည့်လိုက်ပြီး စစ်ဆေးကြည့်ဖို့ ငါ့ရဲ့အဝတ်အစားကို ပင့်တင်လိုက်တော့ နောက်ကျောဘက်က ကြီးမားတဲ့ ပွန်းပဲ့ဒဏ်ရာကြီးကို တွေ့လိုက်ရတယ်။
ချီးပဲ။ ဂေးအဖြစ် ဟန်ဆောင်မှုအတွက် ပေးရတဲ့အဖိုးအခက ကြီးမားလိုက်တာ။ ငါ့ရဲ့ ထိန်းသိမ်းခဲ့တဲ့ပုံရိပ်၊ ပထမဆုံးအနမ်းအပြင် ခါးပါကျိုးသွားသေးတယ်။
ဒါပေမယ့် အဲ့ဒါက ကိစ္စမရှိပါဘူး။ ငါ့ရဲ့ လူပျိုရည်က ခုထိရှိနေတုန်းပဲလေ။ တက်ကြွမှုရှိရှိနဲ့ အားအင်အပြည့်ရှိတဲ့ အဖြောင့်တစ်ယောက်အဖြစ် အချိန်တိုအတွင်း ပြန်ဖြစ်လာလိမ့်မယ်။
ဒီညဖြစ်ခဲ့တဲ့ကိစ္စဟာ ဘာမှမဟုတ်ဘဲ ဒီတိုင်း ငါ့ရဲ့ အဖြောင့်ဖြစ်နေခြင်း လျှောက်လမ်းပေါ်က ချိုင့်ခွက်လေးတစ်ခုပဲလို့ ငါ အခိုင်အမာ ယုံကြည်တယ်။ သွေးဆောင် ဖြားယောင်မှုကို လျစ်လျူရှုပြီး တခြားကို မကြည့်ဘဲ ရှေ့ဆက်လျှောက်သွားနေသ၍ ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်လာမှာမဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပြီးရင် အဲ့ဘားကို ထပ်မသွားတော့ဘူးပဲလေ။ အဲ့တာကြောင့် အဲ့လူနဲ့လည်း ထပ်တွေ့တော့မှာမဟုတ်ဘူး။
ခန... ငါ့ရဲ့ အိတ်ထဲက ဒီလေးလံတဲ့အရာကြီးကဘာလဲ။
အိတ်ကပ်ထဲက ဘာမှန်းမသိတဲ့ဟာကို ဖြေးဖြေးချင်းဆွဲထုတ်လိုက်ပြီး ပန်းရောင်စာက္ကူပေါ်က အဖိုးအိုရဲ့ ရင်းနှီးတဲ့ အပြုံးကို တွေ့လိုက်ရတယ်။
YOU ARE READING
ငါက ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက် || မြန်မာပြန် • Unicode ||
Romanceငါက ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက်ပါ။ တစ်နေ့တော့ ငါ အရှက်မရှိတဲ့ ဂေးတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ (စတီးချောင်းတစ်ချောင်းကို ကွေးအောင်လုပ်ဖို့ အား ဘယ်လောက်ပြင်းပြင်း လိုအပ်ကြောင်း ရေးသားထားသော ဇာတ်လမ်းတစ်ပုဒ်) Disclaimer: Not my own novel...