Chapter 2

246 28 5
                                    

ဂေးဘားမှာ အတော်ကြာကြာနေခဲ့မိလို့ ငါတောင်သတိမထားလိုက်မိဘဲ အတွေးထဲမှာ ဂေးမိသွားတာ ဖြစ်နိုင်တယ်။

ရလဒ်အနေနဲ့ ရင်သပ်ရှုမောဖွယ် ပြိုင်ဘက်ကင်း အလှတရားတစ်ခုက ငါ့အပေါ် စိတ်ဝင်စားကြောင်း ပြလာတဲ့အခါ ငါ့ဦးနှောက်ဟာ အောက်ထပ်ကလူလို ပျော်ရွှင်မိသွားတဲ့ အချက်ပြမှုတစ်ခုကို ထုတ်လွှတ်လိုက်တာပဲ။

ချီးပဲ။ ငါအရမ်းတွေးမိသွားတယ်။

ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့ စိတ်ဓာတ်ဖောက်ဖြားမှုဟာ အချိန်ကိုက် ကန်ထုတ်ခံလိုက်ရပြီး ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုကြီး ပေးသွားခဲ့တယ်။

"ဘာတွေတွေးနေလိုက်မိတာလဲ။ ကိုယ့်ကိုကိုယ်ပြန်တည့်မတ်လိုက်စမ်းပါ"

အို.. ဟုတ်တယ်။ ငါကအဖြောင့်တစ်ယောက်။ ငါမေ့သွားတော့မလို့။ တော်ပါသေးတယ်။ တော်ပါသေးတယ်။

ငါ့ရဲ့ မရေမရာအတွေးတွေကို အမြစ်ဖြတ်လိုက်ပြီးနောက် လက်ရှိအခြေအနေကို လေးလေးနက်နက် စတွေးတော့တယ်။

လွန်ခဲ့တဲ့ မိနစ်ဝက်လောက်တုန်းက ဒီချောမောလှပတဲ့ အမျိုးသားဟာ အနီရောင်ငွေစက္ကူ အထပ်လိုက်ကို ထုတ်ပေးပြီး ငါနဲ့လုပ်ချင်တယ်လို့ပြောခဲ့တယ်။

ငါကရော... ငါသူ့ကို ဘာပြန်ပြောလိုက်တာလဲ။

"ကော‌ကော.... ငါအပေါ်ထပ်မှာ ဘယ်လိုနေရမလဲဆိုတာကို မသိဘူး"

ချီးပဲ။ ငါတော့ သွားပြီ။

0.5 တစ်ယောက်ဖြစ်အောင် မွေးမြူဖို့က နှစ်တစ်ရာအချိန်ယူရပြီး တစ်ညတာအိပ်စက်မှုမှာ နေရာလဲဖို့က နှစ်တစ်ထောင်ကြာတယ်လို့ ပြောကြတယ်။

(Note - 1.1 : top, 0 : bottom, 0.5 : switch)

ငါလို နုံအတဲ့ တစ်စုံတစ်ယောက်က ဒါမျိုး ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။

ထူးခြားတာဆိုလို့ ဒီဂေးဘားရဲ့ အလွန်အင်မတန်ကို အဖြောင့်ဆုံးတစ်ယောက် ဖြစ်နေတာကလွဲပြီး အခြားမရှိတဲ့ ငါလို သာမန် ဆင်းရဲတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ဟာ တစ်နေ့နေ့မှာ ‌ဒီလို တွေ့ကြုံရမယ်လို့လည်း မတွေးခဲ့မိဖူးဘူး။

ငါက ‌‌ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက် || မြန်မာပြန် • Unicode ||Where stories live. Discover now