ထိုစကားကို ပြောပြီးတာနဲ့ သူက ငါ့မျက်နှာကို အုပ်မိုးပြီး ဖြည်းဖြည်းချင်း နီးကပ်လာတယ်။
အဲ့ချိန်မှာ ငါ့ဦးနှောက်က လုံးဝဖျက်စီးခံလိုက်ရပြီး ဘာကိုမှ ဖြောင့်ဖြောင့်မတွေးနိုင်တော့ဘူး။ ငါ့နှုတ်ခမ်းတွေကို အုပ်လိုက်ဖို့ မသိစိတ်ကနေ ကြိုးစားလိုက်ပေမယ့် နောက်တစ်စက္ကန့်အကြာမှာ ငါ့ပါးပေါ်က နွေးထွေးတဲ့ခံစားချက်ကို သတိထားမိလိုက်တယ်။
ပိုပြီးတိတိကျကျဆိုရရင် အဲ့တာက မျက်နှာရဲ့ဘယ်ဘက်ခြမ်း ပါးစပ်ထောင့်နားမှာ။
အသိစိတ်လွတ်နေတဲ့ ဒီအခြေအနေမှာ ငါ့မျက်ခွံတွေပေါ် ဖြတ်ပြေးသွားတဲ့ သူ့ရဲ့မျက်တောင်တွေကို ခံစားမိနေခဲ့တယ်။ အဲ့ယားယံတဲ့ ခံစားမှုလေးက အရင်ညအနည်းက အိမ်မက်ထဲက မြင်ကွင်းတွေကို သတိရသွားစေတယ်။
သူ ငါ့မျက်နှာကို နမ်းလိုက်ပြီးတော့ ငါ့ကို စိုက်ကြည့်ဖို့ သူ့ခေါင်းကို မော့လိုက်တယ်။ သူနှုတ်ခမ်းသပ်လိုက်ပြီး တိုးတိုးလေး ကပ်ပြောလာတယ်။
"ချိုလိုက်ဝာာ"
သူ့လက်ချောင်းတွေက ငါ့မျက်နှာတစ်ဝိုက်ကို ဖြည်းဖြည်းလေး ပွတ်တိုက်နေတယ်။ ငါမျက်လုံးကို ပြူးပြီး သူ့ကို ပြန်စိုက်ကြည့်ဖို့ ကြိုးစားပေမယ့် ငါ့စိတ်တွေကပြန်ပြီး သတိလက်လွတ်ဖြစ်သွားပြန်တယ်။
သူဘယ်နားကိုနမ်းနေခဲ့လဲ ငါသိတယ်။
ငါ့ရဲ့ ပါးချိုင့်လေး ရှိနေတဲ့နေရာ။
ဒါက ဘယ်လို ထူးဆန်းရိုင်းစိုင်းတဲ့သတ္တဝါမျိုးလဲ။ ဒါပေမယ့် ပိုပြီး ထူးဆန်းတာက မျက်နှာပေါ် အနမ်းခံလိုက်ရရုံလောက်နဲ့ ငါ့ခြေထောက်တွေက ထုံထိုင်းသွားတာလား။
အရင်တစ်ခေါက် ငါကားထဲမှာ အနမ်းခံရတုန်းက သူ့ကိုတွန်းပြီးတော့ အလျင်အမြန်ထွက်ပြေးနိုင်ခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ ငါက ဒီအခန်းငယ်လေးထဲမှာ ရပ်နေရပြီး ဒီလို အနီးကပ်အကြည့်ခံနေရတာက ငါ့ကို ထိန့်လန့်စေပြီး ထွက်ပြေးဖို့ကို မဝံ့ရဲတော့ဘူး။
ငါ့စိတ်လွတ်နေတုန်းမှာပဲ ငါ့ဘေးနားမှာရှိနေတဲ့ တစ်စုံတစ်ခုက လျော့ရဲလာတာကို ငါယောင်ဝါးဝါး ခံစားမိလိုက်တယ်။
YOU ARE READING
ငါက ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက် || မြန်မာပြန် • Unicode ||
Romanceငါက ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက်ပါ။ တစ်နေ့တော့ ငါ အရှက်မရှိတဲ့ ဂေးတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ (စတီးချောင်းတစ်ချောင်းကို ကွေးအောင်လုပ်ဖို့ အား ဘယ်လောက်ပြင်းပြင်း လိုအပ်ကြောင်း ရေးသားထားသော ဇာတ်လမ်းတစ်ပုဒ်) Disclaimer: Not my own novel...