Chapter 4

218 30 1
                                    

ငါအဲ့ဒီ စိတ်ညစ်ဖို့‌ကောင်းတဲ့သူကို တက္ကသိုလ်မှာ ပြန်တွေ့ခဲ့တယ်။

အဲ့တာက တကယ်ကို မမျှော်လင့်ထားမိတဲ့အရာပဲ မဟုတ်လား။ ငါကိုယ်တိုင်လည်း တကယ်ကို လုံးဝ မမျှော်လင့်ထားခဲ့ဘူး။

ဒါက ဘယ်လိုဖြစ်ရတာလဲဆိုတော့ နောက်ဆုံးစာမေးပွဲ ပြီးတော့ စီးပွားရေးဌာနက နိုင်ငံခြားက နာမည်ကြီးကျောင်းတွေကို စုစည်းပြီး နိုင်ငံတကာ ကျောင်းသားဖလှယ်ပွဲ ကျင်းပခဲ့တယ်။

အစက ဒီပွဲဟာ ငါလို ဂျူနီယာ‌ကျောင်းသားလေးနဲ့ ဘာမှ သက်ဆိုင်မှုမရှိတဲ့ ပွဲပါ။ ဒါပေမယ့် ဘဏ္ဍာရေးဌာနက ငါ့ရဲ့ စီနီယာတစ်ယောက်က လုပ်အားပေးအဖြစ် ငါ့ကိုဆွဲထည့်လိုက်တယ်လေ။

ဘာလို့လဲငါ့ကို ဆွဲထည့်လိုက်သလဲဆိုတော့ လျှော့ဈေးချထားတဲ့ ရထားလက်မှတ်ကို အိမ်ပြန်ဖို့အတွက် လုဝယ်ရာမှာ ကျရှုံးခဲ့ပြီး တက္ကသိုလ်မှာ ဆက်နေဖို့ကလွဲ ရွေးစရာမရှိခဲ့တဲ့ တစ်ဦးတည်းသောသူက ငါဖြစ်နေလို့ပါပဲ။

ဒီလုပ်အားပေးအလုပ်ဟာ ငါ့ရဲ့ နောက်ဆုံး သည်းခံတတ်တဲ့ စိတ်ထားလေး အုတ်ဂူကို ဖြောင့်ဖြောင့်ကြီးသွားရမယ့်လမ်း ဆိုတာသာသိခဲ့ရင် လျှော့ဈေးရထား လက်မှတ် မရလည်း လေယာဉ်နဲ့ ပြန်လိုက်မိမှာ။

ကံမကောင်းစွာနဲ့ ရွှေချောင်းတစ်ထောင်နဲ့တောင် အရင်က ဖြစ်ပြီးခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြင်ခွင့် ဝယ်ယူလို့မှာမဟုတ်သလို ငါ့ရဲ့ ရွံ့ထဲကျသွားပြီဖြစ်တဲ့ ဖြူစင်မှုလေးကိုလည်း ပြန်ဝယ်လို့မရဘူး။

ငါမှတ်မိသေးတယ်။ နေသာပြီး ကြည်လင်နေတဲ့ နေ့လည်ခင်းလေးပေါ့။ ငါ့အရပ်ထက်မြင့်တဲ့ ပလက်စတစ် ဘုတ်ပြားကို ကိုင်ထားရင်း တက္ကသိုလ်အဆောက်အအုံရဲ့ အဝင်ပေါက် အရှေ့က လှေကားထစ်ကို တစ်ဆင့်ချင်း ချွေးတစ်လုံးလုံးနဲ့ တက်နေခဲ့တယ်။

အဲ့အခိုက်အတန့်မှာပဲ စီနီယာအတန်းက အစ်မတစ်‌ယောက်ဟာ ဒေါက်မြင့်ဖိနပ်ကို စီးထားရင်း အဆောက်အအုံထဲက ထွက်လာပြီး ငါ့ကိုနှုတ်ဆက်တယ်။

"ရှောင်ရှ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါနော်"

ငါ့မျက်လုံးတွေတောက်ပလာပြီး သူ့ကို တောင်ပတဲ့အပြုံးလေးနဲ့တုံ့ပြန်လိုက်မိတယ်။ ငါ့ရဲ့ကျောကိုမတ်လိုက်ရင်း ခြေထောက်ကိုကြွကာ သူ့ဆီကို ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်တယ်။

ငါက ‌‌ဂေးဘား မှာ အလုပ်လုပ်တဲ့ အဖြောင့်တစ်ယောက် || မြန်မာပြန် • Unicode ||Where stories live. Discover now