unicode and Zawgyi(Part_1)

1.3K 78 25
                                    


Love makes me blind(Part_1)
(unicode)

"ဟေ့ကောင် အထစ် ထစမ်း ခုနကအကြည့်မျိုးနဲ့ ငါ့ကို ပြန်ကြည့် ကြည့်စမ်း"

"ငါ... ငါ တောင်း တောင်းပန်ပါတယ်"

စာသင်ကျောင်းတစ်ခုရဲ့ သန့်စင်ခန်းထဲတွင်
ကျောင်း သား သုံးယောက်က ကျောင်းသားတစ်ယောက်ကို ဝိုင်းဖွဲ့ ၍ အနိုင်ကျင့်နေကြ
သည်။ ကျောင်းသား သုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ပုံရတဲ့ တစ်ယောက်က
ကောင်လေးရဲ့ ကျောင်းဝတ်စုံ ကော်လံ ကို လက်တစ်ဖက်ဖြင့် စုပ်ကိုင်၍ အခြား လက်တစ်ဖက်က ကောင်လေးရဲ့ မေးစေ့ကို နီရဲတဲ့အထိ ဖျစ်ညစ်ထားသည် ဘေးက နှစ်ယောက်က တော့ လှောင်ပြုံး များပြုံး ၍ကြည့်နေသည်။

"ငါ့ကိုတောင်းပန်ပါတယ်လို့ စကား မထစ်ပဲ ပြောကြည့် ငါပြန်လွှတ်ပေးရင်လွှတ်ပေးမှာပေါ့...ဟား...ဟားး..."

"တောင်း...တောင်းပန်ပါတယ် "

"မထစ်နဲ့ လို့ ပြောထားတယ်လေ မင်းလူလိုနားမလည်ဘူးလား..ဟမ်း"

ကောင်လေး ရဲ့နားထင်ကို လက်ညိုးနဲ့ ထောက်၍ ပြောနေပြန် သည်။
အစကတော့ ကိုယ့်ဘာသာကိုယ် သွားမို့ပဲ
အခုတော့ ဝင်ပါမှ ရတော့မည်။ကျောင်း ပထမဆုံး တက်တဲ့ နေ့မှာပဲ ရန်ဖြစ်ရတော့မည်။Kim Taehyung ဆိုတဲ့ ကောင်က ကိုယ့်ကို လာရှုပ်တဲ့ ဇယားတွေကိုပဲ ပြန်ရှုပ်တတ်တာ ကိုယ်နဲ့မဆိုင်ရင် ဘယ်သော အခါမှ လှည့်ကြည့်ခဲ့သည်မဟုတ်အခုတော့ ဝင်ရှုပ်မှ ရတော့မည်။

"တော်သင့် ပြီ ကျုပ်နားညည်းနေပြီ ခင်ဗျားတို့လစ်တော့ "
toiletတံခါးဝ ကနေ လှမ်းပြောလိုက်တော့ ကျောင်းသားသုံးယောက်က လှည့်လာသည်။
ဟိုတစ်ယောက်ကတော့ အခုထိ ခေါင်းမော့မလာ ။

"မင်းကဘာကောင်လဲ ကိုယ့်ကိစ္စပြီး ရင်အခန်းအပြင်ထွက် ဒါမှ မဟုတ် ငါတို့နဲ့ တူတူပျော်ချင်ရင်လည်း ရတယ် ဟက်... "

နရံမှာကျောကပ့်နေတဲ့ ကောင်လေးရဲ့ ဆံပင်ကိုတစ်ချက်ဖွပြီးပြောလိုက်တဲ့ စကားကြောင့် ဘာကိုစိတ်တိုသွားလဲ မသိ ရှေ့က တစ်ယောက်ရဲ့မျက်ခွက် ကို စုတ်ပြတ်သွားအောင်ထိုးချင်သွားရသည်။

"ကျုပ်ကဘာကောင်လဲ ဆိုတာ အတန်းထဲ ပြန်ရောက်ရင် ခင်ဗျား သိသွားလိမ့်မယ် အခု ကျုပ်​ပြောတဲ့ အတိုင်းတာ လစ်တော့ ကျုပ်စိတ်မတိုခင်"

Love makes me blind🖤Where stories live. Discover now