Unicode and Zawgyi(Part_2)

721 61 12
                                    

Love makes me blind
( part _2)

" Jungkook နဲ့ ထိုင်မှာ "

"သား အဆင်ပြေသလိုထိုင်ပါ တစ်ခုခု
အဆင်မပြေရင် ဆရာမ ကိုလာပြောနော်"
"...."
Taehyung က ဆရာမကို ခေါင်းသာ ငြိမ့်ပြလိုက်ပြီး ဘာမှ မပြော။ဆရာမက လည်း အတန်းရှေ့သို့ သွားပြီး သင်စရာရှိတာ ဆက်သင်သည်။Taehyung က ဆိုးတဲ့ ပုံလေးဆိုပေမဲ့ စာတော့သေချာ လိုက်လုပ်ပါတယ် ။
ဆရာမ​တွေ တစ်ယောက်ပြီး တစ်ယောက် စာ ဝင်သင်သွားကြသည်။
အထက်တန်း နောက်ဆုံးနှစ်ဆိုတော့
ကျောင်း စတက်ကတည်း က စာတွေ ကများသည် ။
Jungkook က စာရတယ် ဆိုတာ ညဏ်ကောင်း လွန်းလို့တော့မဟုတ် စာဆိုရင် သူ့ဦးနှောက်က တော်တော်လေး မှတ်ရခက်သည် စာတစ်ပုဒ်ကို သူများတွေ က (၁၀)မိနစ်နဲ့ ရအောင်ကျက်နိုက်ရင် သူက မိနစ်(၂၀)နဲ့ မှရသည် ။ပြီးတော့ သူက စကား ထစ်တော့ စာကိုလည်း အော်ကျက်၍ မရ စိတ်ထဲကသာ ကျက်ရသည်။

တောင်......တောင်!!!!!
ထမင်း စားဆင်းချိန်ရောက်တော့ ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ဆရာမေကတာ့ မသိချင်ယောင်ဆောင်၍ ဆက်သင်နေသည်။
ဆရာမကိုလည်း အပြစ် ဆိုလို့မရပါ သချ်ာက သင်ခန်းစာ များသည်လေ။
(၅)မိနစ်လောက်နေတော့ ဆရာမက အတန်း
ဆင်းပေးတယ် သူတို့ကျောင်းလေးက ကိုယ်ပိုင်ကျောင်းမဟုတ် အစိုးရကျောင်းလေးပင် ဖြစ်သည်။ဒါကြောင့် သူတို့ကျောင်းမှာ
အခြေခံ လူတန်းစား လူလတ်တန်းစား
အထက်တန်းစား ကျောင်းသားမျိုးစုံရှိသည်။

" ထမင်းစားမယ်"

Jungkook က ထမင်းမစားပဲ သချ်ာဆက်တွက်နေတုန်း Taehyung က သူ့ပုခုံးကိုလာရိုက်၍ ပြောသည်။ကျောင်းဆင်တာနဲ့ အပြင်ကိုပြေးသွားသော Taehyung ကို Canteen မှယ ထမင်းသွား စား တာဟု သူထင်နေခဲ့ တာ အခုတော့ လက်မှာ ထမင်းဘူး လေးနှင့်။Jungkook ကို ငယ်ငယ်ကတည်း က ကျောင်းမှာ
ဘယ်သူ့မှ ထမင်းစား မခေါ်ဖူးပါ။အတန်းထဲတွင် ထမင်းစားတဲ့သူက တော်တော်နည်းသည် အများစုက Canteen တွင်သာ စားကြသည်။Jungkookကေတာ့ Canteenကို ခြေဦး တောင်မလှည့်ဖူးပါအမေထည့် ပေးလိုက်သည့် အရွက်ကြော် ဒါမှ မဟုတ် ကြက်ဥလိပ်
ကင်မ်ချီ နဲ့ ထမင်း ဘူး လေးကိုသာစားသည်။
အပိုပိုက်ဆံတွေ ကုန်လို့ မဖြစ်ဘူးလေ။

Love makes me blind🖤Where stories live. Discover now