Unicode and Zawgyi (Part-6)

802 58 6
                                    

Love makes me blind(Part_6)

"အန်ကယ်က တော့ Mr.Vပြောတဲ့ အစီအစဥ်ကို သဘောကျတယ်....."
"အန်ကယ်ရောပဲ.....#=#?#^-#&#=#^#%&@#-?#&#&"

Meeting room ထဲတွင်အလုပ်အကြောင်းများဆွေးနွေနေကြသည့် လူမှန်သမျှ ကိုယ်ပိုင် မျက်နှာဖုံးများ တပ့်ထားကြပြီး
ထိုင်နေတဲ့ သူမှန်သမျှကလည်း မြေအောက်လောက မှာ အရေပါတဲ့ ဂိုဏ်းတွေက ဂိုဏ်းခေါင်းဆောင်တွေပင် ဖြစ်သည်။
အကုန်လုံးက သူ့အရည်အချင်းနှင့် သူရှိကြ
သည်...။
​မြေအောက်လောကတွင်သာ မက အပြင်လောမှာလည်း အခြေခိုင်သော လုပ်ငန်းများကို ပိုင်ဆိုင်ထားကြပြီး
မြေအောက်လောကတွင် အမည်တစ်မျိုး အပြင်လောကတွင်အမည်တစ်မျိုးနှင့် ကျော်ကြားကြသည်။
သို့သော်လည်း သူတို့ရဲ့ အပြင်လောက ကအမည်နှင့် မြေအောက်လောက ကအမည်ကို တွဲ၍ သိရန်အင်မတန် ခဲရင်း သည်.....။
ဒီလိုမျိုး ဂိုဏ်းခေါင်ဆောင်တွေ ပဲရှိတဲ့ အစည်းအဝေးတွင် ငိုက်နေတဲ့ လူတစ်ယောက်ရှိသည်....သူကတော့
Mr.V ခေါ်လာတဲ့ ကောင်လေးပေါ့...။
Mr.V ရဲ့စုံစမ်းလို့မရတဲ့ အကြောင်းအရာများထဲတွင် အချစ်ရေးကိစ္စက ထိပ်ဆုံးကပါလေသည်။
အခုလို အရေကြီးသော Meeting ကိုတောင် ခေါ်လာခဲ့သည် ဆိုတော့ထို ကောင်လေးကMr.Vရဲ့ အသည်းညှာလေး ဖြစ်မှာ မလွဲမသွေပင် ဖြစ်သည်...။

"Mr.Parkက Mr.Vရဲ့ အသည်းလေး ကိုကြည့်လှချည်လား....."
ဟုတ်ပါသည် ထို Meeting room ထဲတွင် Mr.Park ဟုခေါ်သော Jimin လဲ ထိုင်နေသည်။
Jimin Mr.V ဝင်လာကတည်းက
တူတူပါလားသော ကောင်လေး ကို လိုက်ကြည့်နေမိသည်.... ကောင်လေးရဲ့ မျက်နှာဖုံးအောက်က မျက်ဝန်းဝိုင်းဝိုင်းလေတွေက သူနဲ့ ရင်းနှီးနေသည်ဟုခံစားနေရသည်...။

"Sorry... Mr.V
ခင်ဗျား ကောင်လေးက ကျနော် ချစ်ရတဲ့သူနဲ့ တူနေလို့ ကြည့်မိတာ.... "
Jimin ကိုစူးစိုက်ပြီး ကြည့်လာတဲ့ Mr.V ကြောင့် သူဖြေရှင်းချက်အ​မြန်
ပေးလိုက်သည်....။အဲ့တော့မှ ခေါင်းတစ်ချက်ငြိမ့်ပြီး အလုပ့်အကြောင်း ဆက်၍ပြောသည်...။

"အာ့...."
Jungkook အငိုက့်လွန်၍ ရှေ့ကခုံစောင်းနှင့် မျက်နှာ မိတ်ဆက်သွားလေသည်။ ခုံနှင့်Jungkook ရဲ့ မျက်နှာဖုံးကြားတွင် Taehyung လက်ကခံထားပေးသည်...ဒါပေမဲ့ မျက်နှာဖုံးနဲ့ မျက်နှာ သွားထိမိပြီး နာသွားတာပင်.....။

Love makes me blind🖤Where stories live. Discover now