Unicode and Zawgyi(Part-3)

644 63 5
                                    

Love makes me blind (Part -3)

"ရှူး  နောက်မှာ တိတ်တိတ်လေးနေ ဘားမှ မပြောနဲ့"

"မင်းက လူစွမ်းကောင် ဝင်လုပ်ပြန်ပြီလား
ကျောင်းမှာဖြစ်နေလို့ ငါငြိမ်နေခဲ့တာ ဒီမှာတော့ မရဘူး...ဟိုကောင်တွေ ထွက်ခဲ့"

Bogum ပြောလိုက်တာနဲ့ သူတို့အရွှယ် လူ (၅)ယောက် ထွက်လာသည်။
Bogum မျက်နှာကတော့ မင်း ဘာတတ်နိုင်လဲ ဆိုတဲ့ ပုံစံမျိုးနှင့်....။

"Jungkook လေး မင်းကို ငါ ရွှေးချယ်စရာ နှစ်ခု   ပြောပြမယ်
ငါ့နောက် ကိုအသာတကြည် လိုက်ခဲ့ မလား
Taehyung ဆိုတဲ့ကောင်  စုတ်ပျတ်သတ်သွားတဲ့ အထိ ဒီနားမှာ ကိုယ်နဲ့ တူတူထိုင်
ကြည့်ကြမလား"

"Tae..Taehyung ..ငါ..ငါ ပြန်တော့မယ်"
ခေါင်းလေးငုံ့နေတဲ့  Jungkook စီကအသံ တိုးတိုးလေးထွက်လာသည်။
"Jungkook လေးက တော်လိုက်တာ သွားရအောင်"
Bogum က ပြောပြီး  Jungkook ရဲ့လက်ကိုလှမ်းဆွဲ ဖို့ လုပ်သည်။

"Sorry bro ခင်ဗျား ခြိမ်းခြောက်တိုင်း ကျုပ်က ကြောက်မဲ့ သူမဟုတ်ဘူး"

Taehyung
bogum နဲ့ Jungkook ရဲ့ ကြားမှာ ဝင်ရပ်ပြီး
ပြောလိုက်သည်။

"ဟိုကောင်လေး မင်း အခု အိမ်ပြန်လိုက် တာ ပိုကောင်းမယ် မဟုတ်ရင် ကိုယ် သက်ဆိုင် ရာကို အကြောင်း ကြား ရလိမ့်မယ်"

Jimin ကြည့်နေရင်နဲ့ ဟိုကောင်လေးဘက်က တစ်ခြားသူတွေပါ ခေါ်လိုက်တာ ကြောင့် ဝင်ပါလိုက်သည်။

"ခင်ဗျားက ဘယ်သူမိုလို့ ကြောက်ရမှာလည်း လူကြီးက လူကြီးလိုနေ ကိုယ့်လမ်းကို အေးအေးဆေးဆေးသွား "

Jimin သူ့ကို မောင်းထုတ်နေတဲ့ Bogum ကိုကြည့်၍
"မင်း အမေ Company မှာ Share အများဆုံး ဝင်ထားတဲ့  Park Jimin ဆိုရင်ရော "

Bogum နဲနဲတော့ မျက်နှာ ပျတ်သွားသည်
အမေ့ အလုပ်ကိစ္စတွေ ကို စိတ်မဝင်စားပေမဲ့
ဒီလ အတွင်းမှာ အမေအလုပ်ကိစ္စတွေ အဆင်မပြေလို့ ပင်ပန်းနေတယ် ဆိုတာတော့ သိတယ် ပြီးတော့ အမေက မနေ့က သူ့Company ကို Park Groupက Share တွေဝင်ခဲ့လို့ အဆင်ပြေနေတယ်လို့ ပြောခဲ့တာ...။

"ဒီကကောင်လေး သဘော ပေါက်ပြီဆိုသွားလို့ရပြီ"
Bogumလည်း ဘားမှ မပြောတော့ဘဲ သူ့လူတွေ ခေါ်ပြီး ထွက်သွားသည်။

Love makes me blind🖤Where stories live. Discover now