Unicode and Zawgyi(Part-5)

566 58 5
                                    

Love makes me blindPart_5)

Jungkook တို့သားအမိ Taehyung အိမ်မှာ နေနေတာ နှစ်လကျော်ပြီ....။
ဒါပေမဲ့ Taehyung ရဲ့အကြောင်းတွေကို Jungkook အခုထိ ရေရေရာရာ မသိ..အမေမရှိတော့ဘူးဆိုတာလေပဲသိသည်။
Jungkook ကလည်း မမေးရဲ Taehyungကလည်း အလိုက်တသိ အခုထိမပြောပြ....။
ဒီနေ့က ကျောင်းပိတ်ရက်လည်း ဖြစ်နေတာကြောင့် Taehyung ရော Jungkookရော အိမ်မှာရှိနေသည်... Taehyung ကတစ်ခါတစ်လေ တော့ အပြင်သွားတတ်တယ်။
ဒီနေ့ အပြင်သွားဖို့ မရှိဘူး ထင်တယ် အခုထိ အိပ့်ယာ မထသေး....။

"Kookie နှိုးပြီလား သား Taeရော"

အောက်ထပ့်ကို ဆင်းလာသော Jungkookကို မေမေက လှမ်းမေးလာသည်။
အိမ်ကို စရောက်ကတည်းက မေမေက အပေါ်ထပ်မှာ ပြင်ပေးထာတဲ့ အခန်းမှာမနေ....အောက်ထပ်မှာပဲ နေချင်တယ် ဆို၍ အောက်ထပ့်မှာပဲနေသည်။
မနက်မိုးလင် ရင်လဲ အိမ်အကူတွေနဲ့ အတူတူ သူနဲ့ Taehyungနဲ့ စားဖို့ စီမံ ပေးသည်။
Taehyung က မေမေ့ကို အဲ့လိုတွေ ဝင်မလုပ်ဖို့ ပြောပေမဲ့ မေမေက ငါ့သားတွေကို ချက်ကျွေးချင်လို့ပါတဲ့... အဲ့တော့ Taehyungလဲ မပြောတော့... ။
"Tae..hyung .မနှိုးသေးဝူး"
"အေအေ...သွားမနှိုးနဲ့ဦးနော် ကျောင်းပိတ်ရက်ဆိုတော့ အိပ်ပါစေ..."
"သိ..သိပါတယ်.. အမေသား က Kookieပါနော်..."
Taehyung အိမ်မှာနေတဲ့ အတောအတွင်း ပြောင်းလဲလာတာကတော့Jungkook စကားသိပ့်မထစ်တော့ စကားလုံးတစ်လုံး ထွက်ဖို့ အချိန်နဲနဲ ကြာပေမဲ့ သိပ့်တော့ မထစ်တော့ပါ...Taehyung လေ့ကျင့်ပေးနေ၍လည်းပါသည်။

"ဟုတ်ပါပြီအခု မနက်စားတော့မှာလား
အမေ့သား Kookieလေးက"
အမေက Jungkookကို ပြုံး၍ ပြန်မေးသည်
အမေရဲ့ အပြုံအဓိပ္ပါယ်ကတော့ Jungkookကို ကလေးလေး လို့ ပြောနေသလို....။

"စား....သေးဝူး ရေ...ရေဗူးလာယူတာ နဲနဲအိပ်ဦးမယ်
သွားပြီ မေမေ"
Jungkook ရေဗူးကို ကိုင်၍ အပေါ်ထပ့်သို့ လုံးလုံးလေး ပြေးတက်သွားလိုက်သည်။

"ဟီး..ခစ်..ခစ်..မွ"
Taehyung ​ကအိပ့်နေရင် တစ်ခုခု ကိုအမြဲဖတ်ထားတတ်သည်။ခုနက သူအောက်ထပ်ဆင်းတုန်းက သူ့နေရာမှာခေါင်းအုံးကိုအစားထိုး၍ ထားခဲ့ရတယ် နိူးနေမှာဆို၍.....
သူထားခဲ့ပေးတဲ့ ခေါင်းအုံးကိုတင်းနေအောင်ဖက်၍ အိပ်ပျော်နေသော Taehyung
ကိုကြည့်ပြီး.....နဖူးကို ငြင်သာစွာ နမ်းလိုက်သည်။
ပြီးနောက် ခေါင်းအုံးကိုဖယ်၍ သူ့ရဲ့ မူပိုင်နားခိုရာ ရင်ခွင်အတွင်းသို့...။

Love makes me blind🖤Where stories live. Discover now