💕 Feeling of Love 💕 အပိုင်း ၎
အသားကင်လိုက် ဟော့ပေါ့ဟင်းရည်အိုးထဲအသားလုံးတွေထည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ကိုယ်စီအလုပ်ရှုပ်နေတဲ့ ဝန်ထမ်းတွေကိုကြည့်ပြီး မြတ်ပြုံးလိုက်ကာ ထိုင်ရာက ထလိုက်သည်။
"ကဲ အားလုံးပဲ.."
မြတ်အသံကြောင့် စောနက ဆူညံနေတဲ့အသံတွေအားလုံး မီးကိုရေနဲ့ငြိမ်းလိုက်သလို တိခနဲငြိမ်ကျသွားသည်။ မြတ် အားလုံးကိုပြုံးပြလိုက်ပြီး
"ဒီညစာစားပွဲလေးက မြတ်တို့ Aurora Chic Brand အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားပေးကြတဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုပေးတဲ့ညစာစားပွဲဖြစ်ပါတယ်.. Aurora Chic Brand က မြတ်အတွက် အရမ်းအရေးပါသလို ဝန်ထမ်းတွေအားလုံးကလည်း မြတ်အတွက် ဒုတိယမိသားစုဝင်တွေပါပဲ.. နိုင်ငံတစ်ကာထိထိုးဖောက်ဖို့ ခြေလှမ်းပြင်ပြီး အရှိန်ယူနေရတဲ့အတွက် ဒီနှစ်ထဲအားလုံး ပိုကြိုးစားခဲ့ကြသလို ပင်ပန်းတယ်ဆိုတာလည်း မြတ်သိပါတယ်.. ဒါကြောင့် အားလုံးအတွက်
အခုလို ညစာစားပွဲလေးကို ပြင်ဆင်ပေးထားတာဖြစ်ပါတယ်.. မြတ်နဲ့အတူတူ Aurora Chic Brand ကို ဒီထက်မကအောင်မြင်အောင် ကူညီပေးကြပါဦးလို့
တောင်းဆိုပါတယ်.. ကျေးဇူးတင်ပါတယ်""ဟေး........."
မြတ်စကားဆုံးတာနဲ့ လက်ခုပ်ထတီးကြတဲ့ ဝန်ထမ်းတွေကြောင့် မြတ်ပါ လက်ခုပ်တီးမိသည်။ သူတို့ကြောင့်ပဲ မြတ်လက်လျော့ချင်တဲ့အချိန်တိုင်း အားတက်ခဲ့ရတယ်မဟုတ်ပါလား။ မြတ်နဲ့အတူတူ ကိစ္စအများကြီးကို ကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ မြတ်ရဲ့ဒုတိယမိသားစုဝင်တွေလေ။
"ဟဲဟဲ ဒါဆို မမမြတ်ရေ.. ပပတို့ နည်းနည်းသောက်လို့
ရလား ဟီး..."အရောင်းဝန်ထမ်းကောင်မလေးတွေထဲက တစ်ယောက်က မမမြတ်ကို လှမ်းမေးလိုက်သော်လည်း အစ်မသူဇာက
"အဲ့လိုတွေကို ကြိုသိလို့ မနက်ဖြန်ကိုရုံးရော ဆိုင်ရော
ပိတ်ထားလိုက်တာ.. ဆန်းဒေးတော့ ရိုက်ကွင်းလည်း
ရှိလို့ ရုံးတက်ရမယ်နော် အကုန်လုံး""Yes Sir!!!!!"
အယောက် ၂၀ ဝန်းကျင်က ပြိုင်တူအော်လိုက်တာမို့ သူဇာလန့်သွားပြီး