💕ဖောက်ပြန်ခြင်း💕

87 3 1
                                    

💕 Feeling of Love 💕 အပိုင်း ၁‌၅

December 24

ခရီးထွက်တဲ့အခါ လိုအပ်တာတွေဝယ်ဖို့ နှောင်းက တာဝန်ယူထားရတာမို့ ဒီနေ့ နှောင်း ဈေးဝယ်ထွက်ရမည် ဖြစ်သည်။ ပထမတော့ လင်းက လိုက်ခဲ့မယ်ပြောပြီး အိမ်မှာ ပြဿနာနည်းနည်းတက်နေလို့ဟုဆိုကာ မလိုက်ဖြစ်တော့တာမို့ တစ်ယောက်တည်းပဲ Shopping Mall ‌ဆီသို့ ထွက်လာခဲ့သည်။ ဒီနေ့က နှောင်းနဲ့မောင် တွဲတာ ၁ လပြည့်မို့ ညနေတော့ ညစာအတူတူစားဖို့ ချိန်းထားပြီးသားပင်။ မနက်ဖြန်လည်း မောင်က သူနဲ့ခရစ္စမတ်မှာ တစ်နေကုန် ဒိတ်ကြမယ်လို့ပြောထားတာကြောင့် ဒီမနက်တစ်ပိုင်းပဲ နှောင်းမှာ ဝယ်ခြမ်းဖို့က အချိန်ရတော့သည်။ တီမြိုင်တို့မိသားစုက ၄ယောက် နှောင်းရယ် လင်းရယ်အပါဆို အားလုံးပေါင်း ၆ယောက်မို့ ထို၆ယောက်လုံး စားတတ်တာတွေ မုန့်ခြောက်တွေအပြင် လိုအပ်မယ်ထင်တဲ့ ဆေးဝါးတွေပါ ဝယ်လိုက်တာမို့ နာရီကြည့်တော့ နေ့လည် ၁၂ ကျော်နေပြီဖြစ်သည်။ နေ့လည်စာကို ဖက်ထုပ်ဆီချက်စားထားလိုက်ပြီးနောက် အားလုံးပြီးစီးချိန်မှာ နေ့လည် ၂နာရီပင်။

အိမ်ကိုပြန်ကာ အထုတ်တွေကို အဆင်သင့်ဖြစ်အောင် သေချာထုတ်ပိုးထားကာ တီမြိုင်တို့အိမ်ကို ပို့ထားမှာမို့ အထုတ်တွေသယ်ဖို့ ဦးကို ဖုန်းလှမ်းဆက်ခေါ်ထားရသည်။ ဆရာသမားက မအားသေးတာမို့ ညနေမောင်နဲ့ချိန်းထားတာလည်း ရှိသေးတာကြောင့် ဦးကိုစောင့်ရင်း ရေအရင်ချိုးလိုက်တော့သည်။ ဘယ်လိုပဲပြောပြော ဒီည Dinner က တစ်လပြည့်အနေနဲ့စားရမှာဆိုတော့ ရင်ခုန်စွာနဲ့ နှောင်းသေချာပြင်ဆင်ဖို့ စဉ်းစားထားလိုက်သည်။ အရင်ဆုံး ရေချိုး ခေါင်းလျှော်လိုက်ကာ ပုံမှန်ထက် နည်းနည်းအလှပိုပြင်လိုက်မိသည်။ အရင်ကလို Skincare ပြီးနောက် Cushion လေးလိမ်း ပါးနီဖျော့ဖျော့လေးလိမ်းတဲ့အဆင့်ကနေ ဒီနေ့တော့ မျက်ခွံပေါ်မှာပါ အလက်လက်လေးတွေပါသည့် Eyeshadow ကို ပါးပါးလေးထည့်ကာ Japanese Make Up Look ပုံစံမျိုး Peach Color ကို အများဆုံးသုံးကာ ပြင်ဆင်ခြယ်သလိုက်သည်။ ဟိုးအရင်ကတည်းက ခုချိန်ထိ Eyeliner မဆိုးတတ်တာမို့ မျက်ခုံးမွှေးဆွဲတဲ့ Eyebrows Cake က အညိုဖျော့လေးကို သူ့မှာပါတဲ့ Brush လေးနဲ့ နည်းနည်းယူကာ Eyeliner ပုံစံဖြစ်အောင် ဖိဖိလေးကပ်ဆွဲလိုက်သည်။

 Feeling of Love  (Zawgyi Ver)Where stories live. Discover now