ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား အပိုင်း၁

4.1K 57 2
                                    

ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား {အပိုင်း၁}
…………………………………………………………………………

မိုင်းလားမြို့လယ်ခေါင်က နီယွန်မီးရောင်စုံများနဲ့ ထိန်ထိန်းလင်းနေတဲ့ နာမည်ကြီး နိုက်ကလပ်တစ်ခု…။

အထဲမှာ လှုပ်ရှားတက်ကြွမှု့အပြည့်နဲ့ လူငယ်လူရွယ်တွေ အများဆုံးရောက်ရှိနေကြလေပြီး စင်ပေါ်က အဖော်ချွတ်မယ် အလှပဂေးလေးများရဲ့ sexyဆန်လွန်းတဲ့အကတွေကို ခံစားကြည့်ရှုနေကြရင်း ဝီစကီ ဝိုင် နှစ်သက်ရာအဖျော်ယမကာများအား သောက်သုံးနေကြသည်။

စားပွဲဝိုင်းတိုင်း ဝိုင်းတိုင်းမှာလည်း လူအပြည့် ခုံအပြည့် ဖြစ်လို့နေလေကာ အားလုံးသော မျက်ဝန်းများက စင်မြင့်ထက်က အဖော်ချွတ်မယ်လေးများဆီသို့ ရောက်ရှိနေလေသည်။

ရောင်စုံမီးဆလိုက်တွေထိုးထားတဲ့ စင်မြင့်ထက်မှာတော့ လှပတဲ့ ခန္ဓာကိုယ်အချိုးစားရှိတဲ့ မိန်းကလေးတွေက အလွန်ဖော်လွန်း ပေါ်လွန်းသော အဝတ်စားများကို ဝတ်လို့ စင်မြင့်ထက်မှာ နိုင်ငံခြားတီးလုံးနဲ့အညီ လှုပ်ယိမ်းကပြနေလေ၏။

တီးလုံးသံကလည်း လွန်စွာ မြူးကြွနေသလို အက အလှတွေကလည်း အရိုင်းဆန်လွန်းလေသည်။သို့သော် ဒီနေရာအတွက်တော့ ဒါတွေက အထူးဆန်းမဟုတ် ဒီမြို့မှာ ဒီနိုက်ကလပ်နာမည်ကြီးရခြင်းအကြောင်းရင်းက ဒီလို တက်ကြွအရိုင်းဆန်လွန်းတဲ့ အဖော်ချွတ်မယ် sexy girlလေးတွေကြောင့်ပဲ ဖြစ်သည်။

ဒါကြောင့်လည်း ဆိုင်သို့ရောက်ရှိလာကြသော အားလုံးသော ပုရိသတွေက အရက် ဘီယာ ဝီစကီတို့အား သောက်သုံးနေရင်း ဒီညအတွက် ဘယ်sexy girlလေးနဲ့ ပျော်ပါးရလေမည်မလဲဆိုတာကိုသာ ခေါင်းထဲထည့်လို့ စဉ်းစားနေတတ်ကြလေ၏။

ထိုစဉ်။ ကလပ်၏အရှေ့မှာ အနက်ရောင် ဘင်ကား သုံးစီး ထိုးရပ်လာလေ၏။

ပထမကားနဲ့ တတိယကားပေါ်က အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်နဲ့ လူများ ဆင်းသက်လာလေပြီး ဒုတိယကားဆီမှာ ဝန်းရံလိုက်ကြသည်။

သိပ်မကြာ ဒုတိယကားထဲကနေ အနက်ရောင်ဝတ်စုံပြည့်နှင့် လူနှစ်ဦး ဆင်းသက်လာပြီးနောက် ကားနောက်ခန်းတံခါးအား ဆွဲလို့ ဖွင့်လိုက်သည်။

ကိုကိုက မာဖီးယား ကျွန်မက စင်ဒရဲလားWhere stories live. Discover now