နေရောင်ခြည်က ပြတင်းပေါက်ကတစ်ဆင့် အခန်းထဲတိုးဝင်လာလေတော့ လုံးဝကို အိပ်စက်ထားခြင်းမရှိတဲ့ မျက်ဝန်းတွေက ကျိန်းစပ်လို့သွားသည်။
သလင်းဖြူ မှေးပိတ်ထားလေတဲ့ မျက်ဝန်းများကို ဖွင့်လိုက်ကာ အိပ်ယာထက်က လူးလဲထထိုင်လိုက်၏။
ပြီး ကုတင်ပေါ်က ချက်ချင်းမဆင်းဖြစ်သေးလေပဲ ညကအဖြစ်ပျက်များကို ပြန်လည်စဉ်းစားနေမိသည်။
ထိူသို့စဉ်းစားလိုက်မိသည်နှင့် သူဌေး ဦးအောင်မင်း လုပ်ရပ်ကို လွန်စွာဒေါသဖြစ်မိလို့နေ၏။ဒီလူက သူမသဘောထားမပါပဲ ဆေးခတ်၍ သူမအား ယောက်ျားတစ်ယောက်ထံရောင်းစားခဲ့လေသောကြောင့်ပင်..။
အဲ့ညက ထိုယောက်ျားသာ သူမကို ပြန်ခွင့်မပေးလေပဲ အတင်းရယူစော်ကားခဲ့မယ်ဆိုရင်ဖြင့်..။
သလင်းဖြူ ဆက်ပင်မတွေးချင်တော့ ၊တွေးရင်း တွေးင်း သူဌေးအောင်မင်းက်ိုကော ဟိုလူကိုပါ အလွန်ဒေါသဖြစ်လာရသည်။
စိတ်ကလည်း တစ်ခါတည်းပိုင်းဖြတ်ပြစ်လိုက်၏။သူမ ဘယ်တော့မှ သူဌေးအောင်မင်း၏ ဒိုင်းမွန်းကလပ်မှာ ဘယ်တော့မှ ပြန်သွား၍ မလုပ်မလုပ်တော့ဟု..
တထိုင်တည်းဆုံးဖြတ်လိုက်လေပြီး သလင်းဖြူကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲဝင်၍ ကိုယ်လက်မျက်နာ အရင်ဆုံးသန်စင်လိုက်သည်။
ပြီးလေတော့ မီးဖိုခန်းထဲဝင်လာကာ ဖေဖေ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် မနက်ခင်းစာအား သူမပြင်ဆင်ချက်ပြုတ်နေလိုက်၏။
အိမ်မှာက မိန်းမသား သုံးယောက်ရှိသော်လည်း မီးဖိုချောင်ထဲ ဒိုင်ခံဝင်ရလေသူကတော့ သလင်းဖြူဆိုတဲ့ သူမသာ ဖြစ်သည်။
ဒေါ်နှင်းဆီက မိုးလင်းမိုးချုပ် လောင်းကစားရုံတွေမှာသာ အချိန်ကုန်နေတတ်လေပြီး သမီးနှစ်ယောက်ဖြစ်တဲ့ ဒေဝီနဲ့သက်ထားကလည်း တစ်နေကုန် အိမ်ကပ်တယ်လို့ရယ် မရှိ၊အမြဲတမ်း သူတို့ရည်းစားတွေနဲ့ နေကုန်အောင် လည်ပတ်လျှောက်သွားနေတတ်လေ၏။
အဲတော့ ဒီအိမ်မှာ ငွေရှာတာလည်း သူမ၊အိမ်မှုက်ိစ္စဆောင်ရွှက်ရလည်း သူမ၊ဖေဖေ့ဝေယျာဝစ္စများကို ဆောင်ရွက်ရတာလည်း သူမသာဖြစ်သည်။
YOU ARE READING
ကိုကိုက မာဖီးယား က်ြန္မက စင္ဒရဲလား
Actionငယ်စဉ်အခါက မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် အချစ်ကို အယုံကြည်မရှိတော့တဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် စက်ရောင်ရှိန်ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့ ဖခင်၏ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးနဲ့သမီးများရဲ့ အမျိုးမျိုးသော ဒုက္ခပေးမု့ကို ခါးစည်းခံရင်း ဖခင်ဒုက္ခိတအတ...