ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား {အပိုင်း၃}
………………………………………………………………………ရှင်လူတစ်ယောက်လုံးလမ်းဖြတ်ကူးနေတာ မမြင်ရအောင် ကမ်းနေတာလား ဟမ်…"
ခင်ဗျားကကော လူကူးမျဉ်းကျားက ကူးတာမို့လို့လား…"
သလင်းဖြူရန်တွေ့ လေတော့ ကားပေါ်ကဆင်းလာတဲ့ နဂါးကလည်းမခံပေ။ပက်ကနဲပြန်လည်တုန့်ပြန်လိုက်လေသည်။
ဘာ ရှင့် လူတစ်ယောက်လုံးကိုလည်း ဝင်တိုက်သေး …ရှင်က မချေမငံတွေ ပြောလို့ပါလား.
ကျုပ်က ဘာမချေမငံပြောနေတာမို့လဲ ခင်ဗျား လူကူးမျဉ်းကျားကူးတာမို့လို့လားပဲ ပြောတာ မဟုတ်ဘူးလား…"
ဒီမှာ လူကူးမျဉ်းကျားက ကူးတာမဟုတ်လည်း ရှင် လူတစ်ယောက်လုံးဖြတ်ကူးနေတာမြင်ရင်တော့ အရှိနိကိုလျော့ပြီးမောင်းလာရမယ် မဟုတ်ဘူးလား အခုတော့ ဂျက်တပ်ထားတဲ့အတိုင်း မောင်းလာခဲ့တာလေ.."
ကျုပ်ဘာသာ ကျုပ် ဂျက်တပ်ပြီးမောင်းမောင်း ဘယ်လိုပုံစံပဲမောင်းမောင်း…လမ်းအတိုင်းပဲ မောင်းလာတာ .ခင်ဗျားဘာသာ လူကူးမျဉ်းကျားက မကူးပဲ မဆင်မခြင်ဖြတ်ကူးလို့ဖြစ်ရတာလေ.."
ဘာ ရှင့် ကျွန်မက မဆင်မခြင်ဖြတ်ကူးတယ်ဟုတ်လား…ရှင်ကမှမဆင်မခြင်မောင်းလာတာရှင့် .."
ဒီမှာအမိ…မင်းကို တိုက်မိသွားတယ်မဟုတ်လား .အဲ့တော့ ငါတို့မင်းကို ဘယ်လိုတာဝန်ယူပေးရမလဲ ဒါပဲပြော.."
နဂါးနဲ့ တစ်ယောက်တစ်ခွန်း အပြန်လှန်ရန်တွေ့ နေတဲ့ မိန်းကလေးကို စက်ရောင်ရှိန် စိတ်မရှည်သလိုဖြစ်လာတာမို့ ကြားဝင်လို့ပြောလိုက်သည်။
သူမ၏ မျက်စောင်းများက သူ့ဆီသို့ ဒိုင်းကနဲ ကျရောက်လာလေပြီး…။
ဘာတာဝန်မှ ယူပေးဖို့ မလိုဘူး..ရှင်တို့ကို တာဝန်ယူပေးဖို့ပြောနေတာလည်း မဟုတ်ဘူး နောက်တစ်ခါ..မဆင်မခြင်မောင်းမလာဖို့ကိုပဲပြောနေတာ..လမ်းဖြတ်ကူးနေတာမြင်ရင်လည်း ကားကိုခဏလောက်ရပ်စောင့်ပေးလိုက်ရတော့ ဘာဖြစ်သွားမှာမို့လို့လဲ…"
YOU ARE READING
ကိုကိုက မာဖီးယား ကျွန်မက စင်ဒရဲလား
Actionငယ်စဉ်အခါက မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် အချစ်ကို အယုံကြည်မရှိတော့တဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် စက်ရောင်ရှိန်ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့ ဖခင်၏ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးနဲ့သမီးများရဲ့ အမျိုးမျိုးသော ဒုက္ခပေးမု့ကို ခါးစည်းခံရင်း ဖခင်ဒုက္ခိတအတ...