ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား {အပိုင်း၄}

1K 20 0
                                    

စက်ရောင်ရှိန် အခန်းထဲက ဆိုဖာမှာထိုင်ကာ တစ်ယောက်တည်း ဝီစကီသောက်နေရင်း လွန်ခဲ့တဲ့ တစ်ပတ်က ကားနဲ့တိုက်မိခဲ့လေသော သလင်းဖြူဆိုသည့်မိန်းကလေးကို အမှတ်ရနေမိသည်။

အဲ့ညက သူမစကားထဲမှာ သလင်းဖြူဆိုတာကိုထည့်ပြောခဲ့တာမို့ သူမအမည်ကိုလည်း သူသိနေခဲ့ပြီဖြစ်၏။ထူးဆန်းသည်က ထိုညမှစတင်ကာ သူမကို အခုထိတိုင် တမ်းတနေမိသည်။

စက်ရောင်ရှိန်လက်ထဲကိုင်ထားတဲ့ ဖန်ခွက်ထဲက ဝီစကီကို တကျိုက်တည်းမော့သောက်လိုက်ပြီးနောက် ဖန်ခွက်ကိုစားပွဲပေါ်ပြန်တင်ထားလိုက်ကာ လက်နှစ်ဖက်ခေါင်းနောက်လျိုသွင်း၍ ဆိုဖာပေါ် ကျောမှီချလိုက်သည်။

မျက်ဝန်းတွေကို ဖြည်းလေးစွာမှိတ်ရင်း အနားယူနေမိတော့ ဆံနွယ်ညိုတွေ တပွေ့တပိုက်နဲ့ မျက်နှာဝိုင်းဝိုင်းလေးက အာရုံထဲ ထင်ထင်ရှားရှားပေါ်လွင်လာလေ၏။လှပတဲ့မိန်းကလေးတွေကို သူသဘောကျတတ်တာမှန်ပေမယ့်လို့ ဒီတစ်ယောက်ကတော့ လွန်ကဲစွာ အတွေးထဲ ရောက်ရှိလွန်းနေသည်။

ဒါက စွဲလမ်းမှု့သက်သက်ဆိုတာ သိနေခဲ့သော်လည်း စွဲစွဲထင်ထင်အာရုံထဲရောက်နေတာဖြစ်လို့ စိတ်ထဲ ထူးသလိုတော့ ခံစားရလေ၏။သို့ပေမယ့် ဒါဟာအချစ်ပါလို့တော့ လူတွေရူးသွပ်ကြသလို သူလိုက်မရူးချင်။သူ့မှာ အချစ်ဆိုတာမရှိသလို အချစ်ဆိုတာကိုလည်း သူက လုံးဝအယုံကြည်မရှိပေ။ သူ့မိဘတွေရဲ့ ပြိုကွဲသွားခဲ့လေတဲ့ အိမ်ထောင်ရေးက သူ့အား အချစ်ဆိုတာ ဒီလောကမှာ တကယ်မရှိဘူးဆိုတာ အထင်ရှားသက်သေပြသွားခဲ့ပြီး ဖြစ်သည်.။

ထို့ကြောင့် ဒီမိန်းကလေးကို သူ့အာရုံထဲ ပြန်လည်အမှတ်ရနေမိသည့်အဖြစ်က ဒီအတိုင်း သာမန်ထက် အနည်းငယ်ပိုတဲ့ စွဲလမ်းမှု့သက်သက်သာ ဖြစ်သည်ဟု စက်ရောင်ရှိန် သူ့စိတ်သူ အခိုင်မာ ဖြေရှင်းချက်ပေးထားပြီး ဖြစ်လေ၏။

စက်ရောင်ရှိန် မျက်ဝန်းထဲက မိန်းကလေးကို ဖျောက်ဖျက်ပစ်နိုင်ရန် မျက်ဝန်းများကိုပြန်လည်ဖွင့်ဟလို့အာရုံလွှဲသည့်အနေနဲ့ စားပွဲပေါ်တင်ထားတဲ့ စီးကရက်ဘူးကို ဆွဲယူလိုက်လေကာ စီးကရက်တစ်လိပ်ဆွဲထုတ်၍ မီးညှိကာ ရှိုက်ဖွာနေလိုက်သည်။

ကိုကိုက မာဖီးယား က်ြန္မက စင္ဒရဲလားWhere stories live. Discover now