ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား {အပ်ိုုင်း၂}
……………………………………………………………………ဖေဖေ…ဆေးသောက်ရအောင်နော်.."
သလင်းဖြူ ဖခင် ဦးဝင်းမောင်၏ အခန်းထဲသို့ ဆေးဗူးနှင့်ရေဖန်ခွက်လေးအား က်ိုင်ဆောင်ကာ ဝင်လာခဲ့လေရင်း လှမ်းပြောလိုက်သည်။
ဦးဝင်းမောင်က ဝှီးချဲပေါ်ထ်ိုင်ကာ ပြတင်းပေါက်ကတစ်ဆင့်အပြင်ဘက်ကို ငေးကြည့်နေရာမှ သမီးဖြစ်သူ၏အသံကြောင့် လှည့်ကြည့်လိုက်သည်။
သြော်…သမီး လာလေကွယ်… "
ဟုတ် ဖေဖေ.."
သလင်းဖြူ ဦးဝင်းမောင်၏အရှေ့မှာ ကိုယ်ကိုင်းလိုက်လေကာ လက်ထဲက ရေဖန်ခွက်ကို ကမ်းပေးလိုက်သည်။ပြီးနောက် ဆေးဘူးကို အဖုံးဖွင့်ကာ ဆေးသုံးလုံးလက်ဝါးထဲ သွန့်ချလိုက်ပြီး ဖခင်ဖြစ်သူ၏ လက်ထဲပြောင်းထည့်ပေးလိုက်သည်။
သောက်လိုက်နော်' ဖေဖေ…"
အေး အေး သမီး…"
ဦးဝင်းမောင် သမီးဖြစ်သူပေးလာတဲ့ဆေးကို ပါးစပ်ထဲထည့်လိုက်ကာ ရေနဲ့မျောချပစ်လိုက်သည်။
ပြီးလေတော့ သလင်းဖြူက ရေဖန်ခွက်ကို ပြန်ဆွဲယူလိုက်ကာ…။
ဖေဖေ…ဘယ်လိုနေလဲ ဒီရက်ပိုင်း နေသာရဲ့လား သွေးတွေ ဘာတွေတိုးသေးလား.
မတိုးပါဘူး.သမီးရယ်…ဖေဖေ ပုံမှန်ပါပဲ…ဖေဖေ့သမီးလည်း ဖေဖေ့ကြောင့်ပင်ပမ်းနေရပြီ…"
ညဆိုလည်း သမီးက အလုပ်ကနေ အမြဲနောက်ကျမှ အိမ်ပြန်လာရတယ်..နေ့ဆိုလည်း ဖေဖေ့ကို ပြုစုရနဲ့သမီးမှာ နားချိန်ဆိုတာတောင် မရှိသလောက်ပဲ .ဖေဖေဖြင့် သမီးကို အားနာလိုက်တာ သမီးရယ်…"
သလင်းဖြူ ခေါင်းယမ်းခါလိုက်ကာ ပြန်လည်ပြောလိုက်သည်။
ဒီလိုမပြောပါနဲ့ဖေဖေရယ်…သမီး မပင်ပမ်းပါဘူး ဖေဖေ့က်ို ပြုစုစောင့်ရှောက်ခွင့် ရနေတာကိုက သမီးအတွက် ကံကောင်းခြင်းပါ ဖေဖေရယ်…"
အေး သာဓု သာဓု သာဓုပါ သမီးရယ် ဖေဖေ့သမီးလေး ဘုန်းကြီးပြီး သက်ရှည်လို့ ကျန်းမာချမ်းသာပါစေကွယ်…"
YOU ARE READING
ကိုကိုက မာဖီးယား က်ြန္မက စင္ဒရဲလား
Actionငယ်စဉ်အခါက မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် အချစ်ကို အယုံကြည်မရှိတော့တဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် စက်ရောင်ရှိန်ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့ ဖခင်၏ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးနဲ့သမီးများရဲ့ အမျိုးမျိုးသော ဒုက္ခပေးမု့ကို ခါးစည်းခံရင်း ဖခင်ဒုက္ခိတအတ...