ကိုကိုကမာဖီးယား ကျွန်မကစင်ဒရဲလား {အပ်ိုင်း၅}
…………………………………………………………………………သလင်းဖြူ နင့်ကို သူဌေးခေါ်နေတယ်.."
အိမ်ပြန်ရန် အဝတ်စားလဲပြီးဖြစ်၍ လော်ကာဘောက်ထဲက ဆလင်းဘတ်အိတ်ကို ဆွဲထုတ်ကာ ပုခုံးပေါ်တင်နေပြီဖြစ်တဲ့ သလင်းဖြူအနားသို့ sexy girlလေးတစ်ယောက်က ရောက်လာကာ ပြောလိုက်သည်။
ငါ့ကို သူဌေးခေါ်နေတယ် ဟုတ်လား…"
ဟုတ်တယ်…နင် သွားလိုက်ဦး…"'
သူဌေးက ဘယ်မှာမို့လဲ …"
ဂျာကြီး အနားယူတဲ့အခန်းထဲမှာ.
အေး ,ငါသွားလိုက်မယ်…"
သလင်းဖြူ ဂျာကြီးအနားယူရာ အခန်းသို့ လျှောက်လာခဲ့လိုက်သည်။
စိတ်ထဲလည်း ထူးဆန်းသလို တွေးနေမိ၏။သူဌေးက နိုက်ကလပ်ကို တော်တန်ရုံလာတတ်တဲ့သူမဟုတ်ချေ။မန်နေဂျာ ကိုမင်းနဲ့သာ ကလပ်ကို အမြဲလွှဲထားတဲ့သာ ဖြစ်လေသည်။
အခု ကလပ်ကို လာခဲတဲ့သူဋ္ဌေးက ညကြီးမင်းကြီးရောက်လာကာ သူမကို ခေါ်နေတယ်ဆိုတော့ သလင်းဖြူ ဘာကိစ္စကြောင့်များလဲတွေးကာ စဉ်းစားရခက်သွားသည်။
ဂျာကြီးနားနေခန်းသို့ ရောက်လေတော့ သလင်းဖြူ အခန်းပြင်မှာရပ်ကာ တံခါးကို လက်ဆစ်နဲ့ခေါက်လ်ို့ အသံပြုလ်ိုက်သည်။
ဒေါက်!.ဒေါက်.
သူဋ္ဌေး အထဲမှာ ရှိတယ်မလား ကျွန်မ သလင်းဖြူပါ သူဋ္ဌေးခေါ်ခိုင်းလိုက်တယ်ဆိုလို့."
အေး ဟုတ်တယ် ကောင်မလေး ငါမင်းကို ခေါ်ခိုင်းလိုက်တာ အထဲကို ဝင်လာခဲ့…"
အခန်းထဲက သူဋ္ဌေးက ဝင်လာခဲ့ ပြောသည်နှင့် သလင်းဖြူ အခန်းတံခါးအား ဆွဲဖွင့်ကာ အထဲသို့ ဝင်လာခဲ့လိုက်သည်။
အခန်းထဲမှာ သူဌေးကို စားပွဲတစ်လုံးနောက်က ဆိုဖာမှာ ခပ်မိန့်မိန့်ထိုင်နေတာကို တွေ့လိုက်ရ၏။
သလင်းဖြူ သူဋ္ဌေး၏ ရှေ့မှောက်သို့ ရောက်အောင် တိုးလျှောက်သွားလိုက်သည်။
လာ .ထိုင်ပါ.သလင်းဖြူ မင်းရှေ့မှာ ဝင်ထိုင်လိုက်ပါ.
အခန်းထဲ ဝင်လာကတည်းက မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေတဲ့ သူဋ္ဌေးက ထိုင်ရန်ခွင့်ပြုလိုက်သည်နှင့် သလင်းဖြူ သူဋ္ဌေးနှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
YOU ARE READING
ကိုကိုက မာဖီးယား က်ြန္မက စင္ဒရဲလား
Actionငယ်စဉ်အခါက မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် အချစ်ကို အယုံကြည်မရှိတော့တဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် စက်ရောင်ရှိန်ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့ ဖခင်၏ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးနဲ့သမီးများရဲ့ အမျိုးမျိုးသော ဒုက္ခပေးမု့ကို ခါးစည်းခံရင်း ဖခင်ဒုက္ခိတအတ...