စာစဥ် (၁) အခန်း - ၂

1.1K 86 0
                                    

Chapter: 2
Book: 1
Translator: Hikari Moon
Editor : Alice Kim                          

စာစဥ် ၁ ၊ အခန်း ၂ ။ ဝက်သေတွေက ရေနွေးပူကို မကြောက်တော့ဘူး

*အိုး..!တဲ့လား..သူ ဘာကို ဆိုလိုတာလဲ?ဒီမိန်းမက စိုးရိမ်တဲ့ပုံတောင် မပြဘူး။သူ့ပုံကိုဖော်ပြရရင် ဝက်သေတွေက ရေနွေးပူကို မကြောက်တော့တာနဲ့တူတယ်။*

မဲမှောင်နေသောမျက်နှာဖြင့် အိမ်တော်ထိန်းရှီက သူမကို ပြောလာသည်။

“မမလေး.....မမလေးက သခင်ကြီးကျန့်ကိုယ်တိုင်သခင်ကြီးကျန့်က လက်သပ်မွေးထားတဲ့ မြေးချွေးမဖြစ်တာနဲ့ပဲ ဒီလိုအခြေအနေမျိုးမှာလာငြိနေတဲ့မမလေးကို သက်ညှာပေးမယ်လို့မဆိုလိုဘူးနော်။ ကျွန်တော်တို့ရဲ့တတိယသခင်လေးက သခင်ကြီးရဲ့အချစ်ဆုံးသားပဲ ဒီတော့  သူ့ကိုတစ်ယောက်ယောက်က အန္တရာယ်ပေးလာမှာကိုတော့ သခင်ကြီးက ခွင့်ပြုပေးမှာမဟုတ်ဘူးလေ။ မမလေးက အမှားလုပ်မိတယ်လို့ နားဝင်လိုက်တာနဲ့  မမလေးကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာမဟုတ်တော့ဘူး ဒါကြောင့် အမှန်အတိုင်း ထုတ်ပြောဖို့ကို ကျွန်တော် အကြံပေးနေတာပါ။မမလေးမှာ ချစ်သူရှိလား။ ကျွန်တော်သာ အမှန်ကိုသိခွင့်ရရင် ကျွန်တော် မမလေးကို ကူညီပေးနိုင်ပါတယ်။”

အတည်ပေါက်မျက်နှာနှင့် အရေးမပါတာတွေကို ပြောနေသော အိမ်​တော်ထိန်းရှီကို သူမ မြင်လိုက်ရတော့ သူမလဲ မရယ်ဘဲ မနေနိုင်တော့ပါချေ။

သူမရယ်နေတဲ့ တစ်ခဏလေးမှာပဲ သူမကိုယ်တိုင် ရှော့ခ်ရသွားလေသည်။

သူမရဲ့စိတ်အားငယ်မှုတွေ…

 သူမရဲ့ မှတ်ဉာဏ်ထဲကို သူတို့တွေ ဝင်လာကတည်းက သူမ စိတ်ဓာတ်တွေသိမ်ငယ်မနေတော့ဘဲကောင်းမွန်လာတာများလား ။

ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်လိုက်ပြီးတဲ့နောက်မှာ မိန်းမပျိုလေးသည် သူမ၏ပြန်လည်မွေးဖွားခြင်းအကြောင်းနှင့် ပတ်သက်ပြီး အများကြီး တွေးမနေတော့ပေ။အရာအားလုံးကို အဝေးကို လွှင့်ပစ်ပြီး ထားခဲ့ရန် သူမ အသင့်ဖြစ်နေခဲ့လေပြီး ဖြစ်လေရာ သူမ၏ဘဝအသစ်ကို တန်ဖိုးမြှင့်တင်ဖို့ကိုသာ သူမ ဆုံးဖြတ်လိုက်တော့သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now