Chapter: 1
Book: 1
Translator: Hikari Moon
Editor: Alice Kimစာစဥ် ၁ ၊ အခန်း ၁ ။ မရမက ဟက်ခံရခြင်း
"မမလေး ဝမ်းနည်းငိုကြွေးတယ်ဆိုတဲ့ စကားလုံးကို နားလည်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးဖို့တော့ မလိုပါဘူးစာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။တကယ်လို့ မမလေးဘက်မှာသာ ပြဿနာ တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ဒီအချိန်အတောအတွင်းမှာ မမလေးရဲ့မိသားစုအတွက် ကျွန်တော်တို့ဘက်က ထောက်ပံ့ပေးထားတာတွေနဲ့ အကျိုးအမြတ်အားလုံးကို ပြန်ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။"
"မမလေး ကျန့်မိသားစုအကြောင်းကို လူတိုင်းသိကြပါတယ်။တတိယသခင်လေးက ကံဆိုးမှုလေးတွေကို ကြုံခံရတယ်ဆိုပေမယ့်လဲ မိသားစုရဲ့နာမည်နဲ့ ဂုဏ်သတင်းကိုတော့ ထိန်းထားနိုင်တုန်းပါပဲ။ ဖောက်ပြန်ဇာတ်ခင်းနေတဲ့ မြေးချွေးမတစ်ယောက်ကိုတော့ ကျန့်မိသားစုက ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။အထူးသဖြင့် သခင်ကြီးရဲ့ အချစ်ဆုံး တတိယသခင်လေးရဲ့ ဇနီးဆိုရင်တောင်မှပေါ့"
"မမလေး ဒီလက်ထပ်ပွဲကို သဘောမတူခင်မှာ အကျိုးအပြစ်တွေကို စဉ်းစားချင့်ချိန်နိုင်မယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့် မမလေးရဲ့လုပ်ဆောင်မှုမှန်သမျှရဲ့ ဆက်နွယ်မှုတိုင်းက အရေးကြီးတယ်ဆိုတာ သတိထားသင့်ပါတယ်။ရလာမယ့်အကျိုးတွေကိုပဲ ရိုးရိုးရှင်းရှင်း တွေးတောတာထက် မမလေးနဲ့ မမလေးရဲ့မိသားစုက မမလေးလုပ်တဲ့ အပြုအမူတွေရဲ့အကျိုးဆက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာကိုလဲ စဉ်းစားထားသင့်ပါတယ်။"
တန်ဖိုးကြီးသော VIPဆေးရုံအဆောင်တစ်ခုတွင် ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားထားသော အိမ်တော်ထိန်း တစ်ယောက်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးတစ်ယောက်ကို အသည်းအသန် စကားပြောဖို့ ကြိုးစားနေလေ၏။
' ဒီမိန်းကလေးက သင်ကြားပြသပေးဖို့တောင် မတန်ဘူးပဲ ' ဟု တွေးတောနေသော သူ့ပုံရိပ်သည်ကား သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေလေသည်။
မိန်းမပျိုလေးကတော့ ကုတင်၏အစွန်းတစ်ဖက်တွင် ဖုန်းတစ်လုံးကို လက်ထဲကိုင်ကာ ပေါ့ပေါ့ပါးပါးနှင့် လဲလျောင်းနေ၏။ သူမ၏ရှည်လျားကောက်ကွေးနေသော ပင်လယ်ရေညှိသဖွယ် နီညိုရောင်ဆံနွယ်များက သူမ၏ဖြူဖွေးပြီး ဘဲငန်းနှင့်တူသော လည်ပင်းနားတစ်ဝိုက်တွင် ရစ်ပတ်ရောထွေးနေလေသည်။ ထိုဆံနွယ်တွေဟာ သူမ၏လှပသော မျက်နှာကလေးကိုပါ အနည်းငယ် ဖုံးအုပ်နေလျက် ရှိလေသည်။
ESTÁS LEYENDO
ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ!
RomancePaid Gp ရှိပါသည်။ Female strong lead ကို ဖတ်ချင်ပါက ဤ novelကိုဖတ်လိုက်ပါ။ တို့mc မမရဲ့ face slapping စကေးတွေနဲ့ အပြောစကေးတွေကိုမြင်ပြီးတာနဲ့ ကြွေသွားစေရမယ်နော်။ 😍 Ml ကြီးရဲ့ သဝန်တိုတာတွေ ၊ ချစ်တတ်ပုံတွေလည်းပါသေးတော့ ချိုအီစိမ့်မွေးလေး ရှယ်မှရှယ်ပေါ...