စာစဥ် ၅ ။ အခန်း ၁ မှ ၇ ထိ

803 75 1
                                    

ကျွန်တော့်ရဲ့ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်လေးပဲ:

စာစဥ် ၅ ၊ အခန်း ၁။   တောင်းပန်ပါတယ်
 
တကယ်တော့ သူတို့ကလည်း နာမည်ကြီး တရုတ်ဆေးပညာဌာနတစ်ခုပဲဖြစ်ပေသည်။သူတို့စင်တာထဲမှာ ဒီလူသာသေသွားရင် သူတို့ဂုဏ်သတင်းက ဆိုးရွားသွားမည့်အပြင် ဆရာဝန်ရော စင်တာရော ဒုက္ခကြီးကြီးရောက်မှာဖြစ်သည်။ဒီအဘိုးဘေးမှာ ခြံရံနေသည့် သက်တော်စောင့် အရေအတွက်ကို ကြည့်တာနဲ့တင် သူက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှာ ထင်ရှားနေသည်။

“မင်္ဂလာပါ မိန်းကလေး။ကျွန်တော်က ဒီကလူကြီးမင်းရဲ့ အိမ်တော်ထိန်းပါ။ဒီနေ့ မိန်းကလေး လုပ်သွားတာတွေကို ကျွန်တော်တို့ တကယ် အသိအမှတ်ပြု ကျေးဇူးတင်မိပါတယ်။မိန်းကလေးအတွက် သိပ်များများစားစားတော့ မလုပ်ပေးနိုင်ပေမယ့် နောက်ကျရင် သခင်ကြီးကိုယ်တိုင် ကျေးဇူးတင်စကား လာပြောလို့ရအောင် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်လေးကို ကျေးဇူးပြုပြီး ပေးပါလား။”

ဆရာဝန်များအပါအဝင် သူတို့နားမှာရှိတဲ့ လူတိုင်းက ကျင်းချန်ကို အားကျကာ ကြည့်နေကြလေသည်။
ဒီအဘိုးအိုက သာမန်လူမဖြစ်နိုင်တာ သိသာနေသည်။သူမကို ပြန်ပေးမည့် ဆုလဒ်က အတော်လေးကို များပြားရက်ရောလိမ့်မည်။

“အခြားလူတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့အချိန်မှာ လူတစ်ယောက် ဒီလိုလုပ်တာကို မြင်ဖူးလိုက်လို့ပါ။ကျွန်မကို ကျေးဇူးတင်နေမယ့်အစား အခုချက်ချင်း ပစ္စည်းနည်းနည်းလောက် ဝယ်ပြီးကူညီပေးနိုင်မလား။”

အိမ်တော်ထိန်းက ခဏရပ်နေပြီး သူမကို စကားပြောလာခဲ့သည်။

“မိန်းကလေးက ဘာကိုလိုချင်လို့ပါလဲ။”

“ကျွန်မရဲ့ဘဏ်ကတ်က ဘာဖြစ်သွားမှန်းမသိလို့ ဝယ်ထားတဲ့ပစ္စည်းတွေအတွက် ငွေမပေးချေနိုင်ဘူးဖြစ်နေတယ်။ကျွန်မကို ကူညီပေးနိုင်လောက်မှာပါ။”

“ရတာပေါ့။ရတာပေါ့။ကိစ္စမရှိပါဘူး။”

အိမ်တော်ထိန်းက ကျင်းချန်၏ပစ္စည်းတွေအတွက်ကို ချက်ချင်း ငွေပေးချေလိုက်သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Donde viven las historias. Descúbrelo ahora