စာစဥ် (၁) အခန်း - ၃

1K 89 0
                                    


စာစဥ် ၁ ၊ အခန်း ၃ ။ Onlineကနေ အကြံဉာဏ်ပေးခ ကိုးဒေါ်လာပါ

*သူက သူ(မ)ချစ်သူ ဘယ်သူလဲလို့မေးနေတာကို သူ(မ)ကတော့ ဖုန်းရွှေဆရာကြီးကိုတောင် ခေါ်ခိုင်လိုက်သေးတယ်တဲ့လား။*

ဖုန်းရွှေဆရာကြီးဆိုတာကလည်း တစ်လလောက် ကြိုပြီးစောင့်နေရသလို ငှားရမ်းခမှာလည်း ငွေအပုံလိုက် ပုံပေးရသည့် ဆရာကြီးတစ်ယောက်ဖြစ်သည်။

*ဆရာကြီးကို သူတို့အလိုရှိသလို တွေ့လို့ရတဲ့ လမ်းဘေးက ပျံကျဈေးသည်လို ဈေးပေါတဲ့သူများ မှတ်နေသလားမသိဘူး။ကမ္ဘာပေါ်က အချမ်းသာဆုံးလူတဲ့?ကျန့်မိသားစုတောင် ကမ္ဘာ့အချမ်းသာဆုံးလူတွေ မဟုတ်တာကို။ပြုတ်ကျတုန်းက ဦးနှောက်များ ပျက်သွားသလားပဲ။"

သူသတိထားမိတော့ သူမက အခန်းထဲကနေ ထွက်သွားပြီမို့ သူ မမေးဘဲမနေနိုင်တော့ပေ။

"မမလေး ဘယ်ကို သွားမလို့လဲ။"

"အိမ်ကိုလေ။"

ဘဏ္ဍာထိန်းရှီတော့ စိတ်ဓာတ်ကျနေပြီဖြစ်သည်။

သူကပဲ အရမ်းတွေ ဒရမ်မာဆန်ပြနေရတာ မဟုတ်ပါ။ဒီအမျိုးသမီး သူ့ရဲ့အိတ်နဲ့ဖုန်းကို ကုတင်ပေါ်ပစ်ထားခဲ့တာကို သူမြင်လိုက်သည်။ဒါပေမယ့် သူ(မ)ဘာသာ သူတို့ကိုတော့ မသယ်သွားပေ။အဲ့ဒီအစား သူ(မ)တင်ပါးလေးတွေကိုသာ ပျော်ရွှင်စွာနဲ့ လှုပ်ယမ်းရင်း လမ်းလျှောက်ထွက်သွားတော့သည်။

တကယ်တော့ သူဟာ ကျန့်မိသားစု၏ အဓိကအိမ်တော်ထိမ်းတစ်ယောက်ဖြစ်သည်။သူ(မ)၏ ကိုယ်ရေးအရာရှိမဟုတ်ပါ။*တစ်ခုခုများ မသင့်မတော်ဖြစ်နေတယ်လို့ သူ(မ) မခံစားရဘူးလား။*

"မမလေးရဲ့ CT scan reportတောင် ထွက်မလာသေးဘူးလေ။မမလေး ထွက်သွားလို့မရပါဘူး။"

"ကျွန်မရဲ့ အဓိကသွေးကြောတွေ တစ်ခုမှ မထိခိုက်သွားပါဘူး။ဒီအတိုင်း ခေါင်းကိုခိုက်မိလို့ သတိမေ့သွားရုံပဲ။ကောင်းကောင်း အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ။ပေါက်ပြဲရာလေးလောက်ကတော့ ကျန့်မိသားစုဆရာဝန်ကို နှစ်ရက်တစ်ခါ ပတ်တီးလဲပေးခိုင်းလိုက်ရင် ကောင်းသွားမှာပါ။"

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now