စာစဥ် ၅ ။ ၈ မှ ၁၅ ။

835 104 0
                                    


စာစဥ် ၅ ၊ အခန်း ၈ ။ မင်းကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချခဲ့တာ

ကျန့်လီချွမ်အနေနှင့် ဒီလက်ထပ်ပွဲဖြစ်မြောက်ခဲ့တယ်ဆိုတာ သခင်ကြီးကျန့်၏အားပေးအားမြှောက်မှုကြောင့်သာဖြစ်သည်။သူက အတင်းအကျပ်ဖြစ်နေလို့သာ လက်ခံခဲ့ရုံဖြစ်သည်။သူစိတ်ပူတာက သူက တခြားသူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်ချင်ရုံသာ။သူ့ရဲ့မသန်မစွမ်းခန္ဓာကိုယ်နဲ့ဆိုရင် ဘယ်သူနဲ့မှ ဆက်ဆံရေးတစ်ခု ရှိလာဖို့က မဖြစ်နိုင်ပေ။ပြီးတော့ ဒီမနက် ကျင်းချန်ဘယ်ကို သွားခဲ့တာလဲဆိုတာနှင့် ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ သူ အကြမ်းအဖျင်းသိပြီး စုံစမ်းထားပြီးသားဖြစ်သည်။

ကျင်းချန်လုပ်ခဲ့တာကို သူလုံးဝထောက်ခံသဘောတူသည်။အဲ့ဒီယောကျာ်းက သူမလိုမိန်းကလေးမျိုးနှင့် မထိုက်တန်ပေ။

သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတုန်း ကျင်းချန်၏ဖုန်းက ထပ်မြည်လာပြန်သည်။

ဘယ်သူလဲဆိုတာကို သူမမြင်လိုက်တော့ သူမမျက်ခုံးတွေကို မသိစိတ်ကနေအလိုလို မျက်မှောင်ကြုတ်ထားလိုက်မိသည်။

သူမမိဘတွေက သူမငါးနှစ်သမီးကတည်းက ဆုံးသွားပေမယ့် သူတို့နဲ့အတူရှိခဲ့တဲ့ မှတ်ဉာဏ်တွေကိုတော့ သူမ အမြဲတမ်း ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပေးနေဦးမှာဖြစ်သည်။

သူမမိဘတွေ ဆုံးသွားပြီးတော့ သူမအတွက် သူတို့ချန်ထားခဲ့တဲ့ငွေတွေကို သုံးခဲ့သည်။သူမကိုယ်တိုင် ကမ္ဘာကျော်သူဌေးမတစ်ယောက်ဖြစ်လာအောင် ခက်ခက်ခဲခဲအလုပ်ကြိုးစားခဲ့ရသည်။

ထို့ကြောင့် သူမအတွက် မိဘဆိုတဲ့ စကားလုံးက အမြဲတမ်းနွေးထွေးမှုတွေကို ယူဆောင်လာပေးတတ်သည်။

သို့သော် အရင်ပိုင်ရှင်၏မှတ်ဉာဏ်များထဲတွင် သူမ၏မိသားစုက သူမအတွက် ဘယ်သောအခါမှ ချိုမြိန်တဲ့အမှတ်တရတွေကို ဆောင်ကျဉ်းမပေးခဲ့ပေ။

သူတို့ကလေးတုန်းတည်းက ကျင်းချန်က သူမညီမကို တစ်ချိန်လုံး အလျှော့ပေးခဲ့ရသည်။ညီမနှစ်ယောက်ကြားမှာ သဘောထားကွဲလွဲတာမျိုး ရှိခဲ့ရင်တောင် သူမမိဘတွေက အမြဲတမ်း တုံ့ဆိုင်းမှုမရှိဘဲ ကျင်းလုကိုသာ မျက်နှာသာပေးတတ်ကြသည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now