Part 24 ( Zg + Uni)

1.5K 39 0
                                    

နောက်​တစ်​ပိုင်း ဘာဆက်​ဖြစ်​မှာလဲ🤨🤔🤔🤩🤩😍😍

😍😍😍ထင်မှတ်မထားတဲ့အချစ် 😍😍😍အပိုင်း-(24)

ညဦးလည်း သာသာနဲ့ အတူအိပ်နေရင်းမှ ခန္ဓာကိုယ်​ကြီးက
အရမ်း​တွေပူလာပြီး အိပ်​ရာ​ပေါ်အသားကုန်​လူးလွန့်​​နေ​တော့သည်​။
မ​နေနိုင်​​တော့တဲ့ အဆုံး ​ရေချိုးခန်းထဲဝင်​ပြီး ​ရေပန်းကြီးဖွင့်​ကာ
ရေ​တွေချိုး​နေ​လေသည်​။

သာသာလည်း အိပ်​​နေရင်းနဲ့မှ ရုတ်​တရက်​ ​ရေချိုးခန်းထဲက ​ရေသံ​တွေ​ကြောင့်​ နိုးလာပြီး  အိပ်​ရာ​ဘေးကို လက်​နဲ့ စမ်းကြည့်​​တော့မှ
ညဦး မရှိ​တော့မှန်း သိသွား​လေသည်​။

"ညဦး "   "ညဦး နင်​​ရေချိုး​နေတာလား "
"သာသာ ​မေး​နေတာကို ကြားလား " "နင်​​ရေချိုး​နေတာလားလို့"

ရေချိုးခန်းထဲက ပြန်​​ဖြေသံမကြား​တော့ သာသာလည်း
အရမ်းစိတ်​ပူသွားပြီး တံခါးကို ချက်​ချင်းဖွင့်​လိုက်​​လေသည်​။

ရေပန်း​အောက်​မှာ ​သွေး​တွေနဲ့ ညဦးကို မြင်​လိုက်​ရတဲ့ အခါမှာ​တော့ အရမ်းစိုးရိမ်​သွားပြီး ညဦး နာမည်​ကို ​အော်​​ခေါ်​နေ​တော့သည်​။

"ညဦး ထပါအုံး "  "နင်​ဘာဖြစ်​တာလဲ "  "သာသာ ​မေးတာကို
ဖြေပါအုံး "  "ညဦး "     "ညဦး "      "ညဦးယံ "

သာသာ​​ခေါ်တာသာ ​မောသွားတယ်​ ။ ညဦးက တုန်​တုန်​ပင်​မလှူပ်​ပါ။

စည်​သူနဲ့  ဖိုးလုံးလည်း သာသာက မနက်​​လေးနာရီ သူတို့နှစ်​​ယောက်​ကို ဖုန်းဆက်​​ခေါ်သဖြင့်​ ​ဒေါက်​တာပါ တစ်​ခါတည်း
ပင့်​လာပြီး ချက်​ချင်း​ရောက်​လာကြသည်​။

ဒေါက်​တာက​တော့ ညဦးကို အား​ဆေးသွင်းပြီး အ​ကြော​ဆေးထိုး​ပေး​နေ​​လေသည်​။

စည်​သူနဲ့ ဖိုးလုံးက သာသာနားကို ​ရောက်​လာပြီး
ညဦး အ​ကြောင်းကို ​မေး​လေသည်​။

"သာသာ ညဦးက ဘာဖြစ်​တာလဲ "
စည်​သူနဲ့ ဖိုးလုံး နှစ်​​ယောက်​သား စိုးရိမ်​ပြီး ပြိုင်​တူ​မေးလိုက်​ကြသည်​။

ထင်မှတ်မထားတဲ့အချစ် ( ညဦးယံ + သာထက်‌မေ)Wo Geschichten leben. Entdecke jetzt