Caption စဉ်းစားမရတော့ဘူး😥😥😥😢😢😢😢
😍😍😍ထင်မှတ်မထားတဲ့အချစ် 😍😍😍အပိုင်း-(25)
ရုတ်တရက်ဆိုသလို မီးဖိုချောင်ထဲဝင်သွားကာ စတီးဓားကြီးကိုယူလာတဲ့ ညဦးကြောင့် သူတို့အားလုံးလည်းအရမ်း
စိတ်ပူသွားကြလေသည်။ကိုယ်လက်ကိုယ် လှီးရန်ပြင်နေတဲ့ ညဦးကြောင့် သူတို့အားလုံး
အရမ်းကို စိတ်ပူပြီး နှလုံးခုန်နှူန်းတွေမြန်လာကြသည်။"ညဦး နင့်လက်က ဓားကြီးကို အောက်ချလိုက်ပါနော် "
"အခုချက်ချင်း အောက်ချလိုက်ပါ "
"သာသာ ပြောတာကို နားထောင်ပါနော် "
သာသာလည်း ညဦးတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်ပြီး မျက်ရည်တွေ ကျရင်း ပြောနေလေသည်။"ဟင့်အင်း.. ငါလုံးဝမချဘူး " "မင်းတို့အားလုံး ငါ့ကိုညာတယ်"
"ညဦးယံ သာသာပြောသလို ဓားကြီးကို အောက်ချလိုက်ပါနော် "
ဖိုးလုံးနဲ့  စည်သူကပါ ဝင်ရောက်ပြောပေးတာတောင် ညဦးတစ်ယောက်မှာ သူ့လက်က ဓားကြီးကို အခုထိ ကိုင်ထားဆဲ
ပင်ဖြစ်သည်။"ညဦး ဓားကြီးကို အောက်ချလိုက်နော် " "ဒီမှာ ရတီလာပြီလေ"
ရတီရောက်လာပြီး ပြောလိုက်တာကြောင့် ညဦးလည်း သူရဲ့လက်က ဓားကို ချက်ချင်းလွှတ်ချလိုက်လေသည်။
ချလွမ်း........."ရတီ ညဦးကို ဒီကနေ ခေါ်သွားနော် " "ညဦး ဒီမှာ မနေချင်ဘူး"
"ရတီနဲ့ပဲ နေချင်တယ် " " နော်.. ညဦးကို ခေါ်သွားနော် "ရတီနဲ့ အတူပါလာသည့် ခြူးစစ်မေလည်း ဘေးကနေ
ငေးကြည့်နေလေသည်။"အင်း.. ရတီက ညဦးကို ခေါ်ဖို့ လာတာလေ " "စိတ်ချ
ညဦးကို တစ်ယောက်တည်းမထားခဲ့ဘူး ""ညဦး နင်မသွားရဘူး " "သာသာ" ကို မထားခဲ့ပါနဲ့နော်"
"သာသာ တောင်းပန်ပါတယ်" "သာသာ ကို မထားခဲ့ပါနော်"ညဦးလည်း သူတို့နှစ်ယောက် ရှေ့ကနေ ပိတ်ရပ်ကာ သူ့လက်ကို အတင်းဆွဲထားပြီး မျက်ရည်တွေအပြည့်နဲ့ ပြောနေသည့်
သာသာကို ကြည့်ရင်း သူ့နှလုံးက အရမ်းအောင့်လာလေသည်။"အာ့.... အား.. အား "
"အောင့်တယ်.. မခံစားနိုင်တော့ဘူး အရမ်းအောင့်နေပြီ "

ВЫ ЧИТАЕТЕ
ထင်မှတ်မထားတဲ့အချစ် ( ညဦးယံ + သာထက်မေ)
Любовные романыကိုယ့်ဘေးနားကသူငယ်ချင်းကို ချစ်လို့ချစ်နေမှန်းမသိတဲ့ကောင်လေးတစ်ယောက်... သူချစ်မှန်းသိတဲ့အချိန်ကောင်မလေးကမုန်းပြီး 😢😢တခြားတစ်ယောက်နဲ့ချစ်သူဖြစ်နေတာကိုသိလိုက်ရတဲ့အချိန် အတင်းခိုးပြေးပြီး..... တအားro တဲ့ဇာတ်လမ်းလေး........ တအားမှောင်မှာနော်😁😁😁အသက...