Part 20 ( Zg + Uni)

2.3K 47 0
                                    

ညဦးကြည့်​တာကြီးက အသက်​🤩🤩😍😍😁😁😎😋😊😎😎😚😚😚

😍😍😍ထင်မှတ်မထားတဲ့အချစ် 😍😍😍အပိုင်း-(20)

သာသာ လည်းမနက်​လင်း​တော့ ညဦးကို မ​တွေ့သဖြင့်
လိုက်​ရှာ​တော့ ကြမ်းပြင်​​ထောင့်​​လေးမှာ ​ခွေ​ခွေ​လေးအိပ်​​နေတဲ့
ညဦးကို မြင်​သွားပြီး.....
"ညဦး.....ညဦး....ညဦးထလို့ "
"အိပ်​ချင်​ရင်​ အခန်းထဲသွားအိပ်​ "

"ဟင်​....သာသာ" "ကိုယ့်​ကို ဘာ​ပြောလိုက်​တာလဲ

"အိပ်​ချင်​ရင်​ အခန်းထဲ သွားအိပ်​လို့ " "ဘာလို့ဒီမှာလာအိပ်​​နေတာလဲ "

"ကိုယ်​မ​နေ့ညက နာရီနိုးစက်​ကို ပိတ်​မရတာနဲ့ ဒီမှာထိုင်​ပြီး
ပြင်​​နေတာ အဲ့တာပြင်​ရင်းနဲ့အိပ်​​ပျော်​သွားတာ "

"​သြော်​.....ဒါနဲ့အဲ့ဒီ နာရီကို ဘယ်​သူ​ပေးလိုက်​တာလဲ "
ညဦး...

"ဖိုးလုံး​လေ "  "အဲ့​ကောင်​ ဒီ​နေ့ ကိုယ်​လက်​စာမိ​စေရမယ်​ "
"ဒါနဲ့ သာသာက ဘာလို့​မေးတာလဲ "

"ဟီးဟီး....သာသာ ကလား " "သာသာ အိပ်​​ရေးဝဝ​အိပ်​​အောင်
လုပ်​​ပေးတဲ့ နာရီ​ပေးတဲ့သူကို ​ကျေးဇူးတင်​ချင်​လို့ "

"သာသာ ​နော်​ ကိုယ်​တစ်​ညလုံး ဒီမှာ အိပ်​​နေတာကို မသနား
ဘူးလား " "ဘာလို့ အဲ့​ကောင်​ဖိုးလုံးကို ​ကျေးဇူးတင်​ချင်​​နေတာလဲ"  "မရဘူး သာသာစကား​ကြောင့်​ ကိုယ်​စိတ်​ဆိုးသွား
ပြီ "  "သာသာ ကိုယ့်​ကို ရ​အောင်​​ချော့ရမယ်​ ဒါပဲ "
"မဟုတ်​ရင်​ ကိုယ်​ဒီ​နေရာက​နေ မထဘူး "

"ညဦး ထ​အောင်​ သာသာ က ဘယ်​လို​ချော့ရမှာလဲ "

"အဲ့ဒါဆို အခုကိုယ်​အိပ်​ချင်​​နေ​သေးတယ်​ အဲ့ဒါ သာသာက.
ကိုယ့်​ကို.....

ဖြန်း......

"သာသာ ဘာလို့ကိုယ့်​လက်​​မောင်းကို ရိုက်​တာလဲ"

"မနက်​အ​စောကြီးရှိ​သေးတယ်​ ညဦးက မဟုတ်​တာ​တွေ​ပြော​နေတာကိုး "

"မဟုတ်​ပါဘူး သာသာကလည်း ကိုယ်ပိုပြီးအိပ်ပျော်သွားအောင်
ကိုယ့်ကို သီချင်းဆိုပြီး သိပ်လို့ အဲ့ဒါပြောမလို့"
"မှတ်မိသေးလား" " ကိုယ်တို့အဖွဲ့ ပုဂံကို ရထားနဲ့ သွားတုန်းက"
"ရထားပေါ်မှာ သာသာဆိုပြခဲ့တဲ့ သီချင်းလေးကို ကိုယ်ကြိုက်တယ် "
"ဒါကြောင့် ကိုယ့်ကို အဲ့သီချင်းလေးနဲ့ နီနီခင်ဇော်ရဲ့သီချင်းနောက်တစ်ပုဒ်ဆိုပြ "
"စုစုပေါင်း နှစ်ပုဒ်ပေါ့ "

ထင်မှတ်မထားတဲ့အချစ် ( ညဦးယံ + သာထက်‌မေ)Where stories live. Discover now