😍😍😍ထင်မှတ်မထားတဲ့အချစ် အပိုင်း-(28) ဇာတ်သိမ်းပိုင်း
ညဦးလည်း သာသာကိုယ်လေးကို ဖက်ပြီး သူပါ လိုက်ငိုနေလေသည်။
စည်သူလည်း ညဦးနဲ့သာသာကို အပေါ်ကလှမ်းဖက်ပြီး
ယောက်ျားမတန်မဲ့ အသားကုန်ငိုကြွေးနေလေသည်။ထိုအချိန် အခန်းထဲကို ဝင်လာသော ခြူးစစ်ကို ကြည့်ပြီး
သာသာတို့ အားလုံး အရမ်းအံ့ဩသွားကြသည်။
ဘာလို့လဲဆိုတော့ ခြူးစစ်နောက်မှာ ဖိုးလုံးကို တွေ့လိုက်ရသော
ကြောင့်ပင်။"ဟင်.... ဖိုးလုံး "
"နင်မသေဘူးပေါ့ " " "သာသာ" ဝမ်းသာလိုက်တာ ""ဖိုးလုံး မင်းမသေဘူးပေါ့ "
သာသာနဲ့ အတူ ညဦးနဲ့ စည်သူ ကပါ ထိုစကားကို ပြိုင်တူပြောလိုက်ကြပြီး ဖိုးလုံးကို ပြေးသွားဖက်ကြသည်။"အင်း... ..ငါမသေဘူး "
"ငါရဲ့နှလုံးကို သာသာ အတွက် ပေးဖို့လုပ်နေတဲ့ အချိန်မှာ
ရတီရောက်လာပြီး ငါ့ကို မေ့ဆေးအုပ်ခဲ့တာ""ဟုတ်ပါတယ် ကျွန်မကိုတောင် ရတီက သူ့နှလုံး သာသာကို
လှူမယ့်အကြောင်း မပြောခဲ့ဘူး "
"ကျွန်မ သိလိုက်ရတဲ့ အချိန်မှာ နောက်ကျသွားပြီ "
"အဲ့ဒါနဲ့ ကျွန်မလည်း ဆေးရုံကို ဖုန်းလှမ်းဆက်ပြီး
ရတီအလောင်းကို လာသယ်ခိုင်းလိုက်တာ "
"ပြီးတော့ ရတီဖြစ်စေချင်တဲ့အတိုင်း သူရဲ့နှလုံးကို သာသာအတွက်
လှူပေးခဲ့လိုက်တာ "
"ပြီးတော့ ရတီနားမှာ မေ့ဆေးအရှိန်နဲ့ မေ့နေတဲ့ ဖိုးလုံးကို ကျွန်မ ထိုင်စောင့်နေပြီး သူနိုးလာမှ ကျွန်မတို့နှစ်ယောက် ဒီဆေးရုံကို
လာခဲ့တာ "
"ညဦးနဲ့ သာသာ "
"ရတီက ရှင်တို့နှစ်ယောက်အတွက် ဒီစာလေးကို နောက်ဆုံး
ပေးသွားတယ် "
"အစက ရတီ ကျွန်မကို ဒီစာပေးတုန်းက ငိုနေတာကို
နားမလည်ခဲ့ဘူး " "အခု ရတီဆုံးမှ ကျွန်မ နားလည်တာ "သူတို့အကုန်လုံးလည်း ခြူးစစ်လက်ထဲက ရတီပေးသွားတဲ့
စာလေးကို ဖောက်ပြီး ဖွင့်ဖတ်ကြည့်ကြသည်။"ညဦး ရတီလေ ညဦးကို အရမ်းချစ်တယ် "
"ဒါပေမဲ့ ရတီရဲ့ အချစ်တွေက ညဦးကို အရမ်းနာကျင်စေခဲ့မိသလို ဖြစ်သွားခဲ့တယ်"
"ရတီရဲ့ အချစ်တွေက အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့ပြီး
ကိုယ်ချစ်ရတဲ့သူကို ပိုပြီး ဒုက္ခရောက်ခဲ့မိစေတယ် "
"ရတီသိလိုက်ပါပြီ " "သာသာ ရဲ့အချစ်က ညဦးအပေါ်
ရတီထားတဲ့ အချစ်ထက် ပိုပြီး သာတယ်ဆိုတာ "
"နောက်ပြီးတော့ သာသာရဲ့ အချစ်က အရမ်းကို ဖြူစင်
သန့်ရှင်းတယ် " "ရတီရဲ့ လုပ်ရပ်ကို အပြစ်မယူဘဲ
ခွင့်လွှတ်ပေးတဲ့ သာသာ ကို ရတီအရမ်းလည်းအားကျတယ်"
"ရတီ အရမ်းလည်း ရှက်ပြီး နောင်တရမိတယ် "
"သာသာ အပေါ် ရတီလုပ်ခဲ့မိတာ တွေအတွက် "
"ရတီ ကို ခွင့်လွှတ်ပေးပါလို့ သာသာ နဲ့ညဦးကို
မတောင်းဆိုတော့ ပါဘူး "
"ရတီကြောင့် ညဦးတို့ ရှင်ကွဲမကွဲ စေရဘူး"
"ရတီလုပ်ခဲ့တဲ့ အမှားအတွက် ရတီပြန်ပေးဆပ်မယ် "
"ဖိုးလုံး လို သူငယ်ချင်းကောင်းကို လည်း ညဦးတို့ မဆုံးရှူံး
စေရပါဘူး " "ရတီလေ ဖိုးလုံးရဲ့ သူငယ်ချင်းတွေအပေါ်ထား
တဲ့ မေတ္တာကို အရမ်းလေးစားတယ် "
"ဒီလို သူငယ်ချင်းကောင်းမျိုးက ဘယ်မှာမှ ရှာလို့မရဘူး "
"အခုဒီစာလေးကို သာသာတို့အားလုံး ဖတ်နေတဲ့ အချိန်မှာ
ရတီ မရှိတော့ပါဘူး "
"ရတီ လေ ညဦးလို အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို
မချစ်သင့်မှန်း သိပါတယ် " "ဒါပေမဲ့ ရတီ ချစ်နေတာ
ကို ဘယ်လိုထိန်းချုပ်ထားလို့ မရဘူး "
"ဒါကြောင့် ရတီ ဒီလို အမှားတွေကို ကျူးလွန်ခဲ့မိတာပါ "
"နောက်ပြီး သာသာ နင့်အပေါ် ငါလုပ်ခဲ့တာတွေ အတွက် ငါကို ခွင့်လွှတ်ပေးဖို့ နင့်ကို မတောင်းဆိုပါဘူး "
"ငါ ပေးခဲ့တဲ့ နှလုံးနဲ့ ညဦးကို ဒီထက် အဖြူစင်ဆုံး
ချစ်နိုင်ပါစေလို့ ငါဆုတောင်းပေးခဲ့ပါတယ် "
"နင်တို့နှစ်ယောက်လုံး အိုအောင်မင်းအောင် ပေါင်းရပါစေ
လို့ ငါဆုတောင်းပေးလိုက်ပါတယ်နော် "
أنت تقرأ
ထင်မှတ်မထားတဲ့အချစ် ( ညဦးယံ + သာထက်မေ)
عاطفيةကိုယ့်ဘေးနားကသူငယ်ချင်းကို ချစ်လို့ချစ်နေမှန်းမသိတဲ့ကောင်လေးတစ်ယောက်... သူချစ်မှန်းသိတဲ့အချိန်ကောင်မလေးကမုန်းပြီး 😢😢တခြားတစ်ယောက်နဲ့ချစ်သူဖြစ်နေတာကိုသိလိုက်ရတဲ့အချိန် အတင်းခိုးပြေးပြီး..... တအားro တဲ့ဇာတ်လမ်းလေး........ တအားမှောင်မှာနော်😁😁😁အသက...