ဒီနေ့တိုင်းတို့ခရီးသွားရမည့်နေ့ဖြစ်သဖြင့် တိုင်းအိမ်သို့အရင်ပြန်၍ အဝတ်အစားများပြင်ဆင်ရမည်။ ညနေ
၅နာရီFlight မို့ တိုင်းနေ့လည်လောက်မှ ဆေးရုံကပြန်မည်ဟု တွေးထားသည်။ ချစ်ရသူအနားမှ ၁စက္ကန့်
မခွာချင်သော်လည်း ချစ်သူ၏ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်းပေးချင်သေးသဖြင့် တိုင်း
ခရီးသွားမည့် အစီအစဉ်ကိုလက်ခံလိုက်သည်။ ဇေ သတိမရသေးသည်မှလွဲ၍ ဒီ၁ပတ်အတွင်း
ကျန်းမာရေးအခြေအနေ ပိုကောင်းလာကာ ခွဲထားသောအနာများလည်းကောင်းစွာကျက်သွားပြီ။
တိုင်း အိမ်မပြန်ခင် ဇေ့တကိုယ်လုံးရေပတ်တိုက်ပေးကာ မျက်နှာတပြင်လုံးကို ဖွဖွလေးနမ်းလိုက်ရင်း...
"တိုင်းတို့အဖွဲ့ အကောင်းဆုံးဖျော်ဖြေခဲ့မှာ.....ပွဲပြီးတာနဲ့အမြန်ဆုံးပြန်လာမှာမို့ ဇေစောင့်နေပေး"
တိုင်း ဇေ့နားကပ်ကာတိုးတိုးလေးပြောနေတုန်း လေးကျော်နဲ့ ဦးကောင်းကျော် အခန်းထဲဝင်လာသည်။
"တတိုင်း...အချိန်ကပ်နေပြီ..လေးကျော်ရှိနေမှာပါ ...စိတ်ချလက်ချသွားပါကွာ"
"ဟုတ်ကဲ့ လေးကျော် ...ခဏနေ ဖေဖေတို့လာခေါ်တော့မှာ"
"ပွဲကိုသာ အာရုံစိုက်..သားဇေ့ကိစ္စ အန်ကယ့် တာဝန်ထား"
"ဇေတခုခု ထူးတာရှိရင် တိုင်းဆီကို ချက်ချင်းဖုန်းဆက်ပေးပါ အန်ကယ်"
"အေးပါကွာ ...စိတ်ချ"
ဦးကောင်းကျော်ခေါင်းညိတ်ပြလိုက်ပြီး ဇေ့ခုတင်ဘေးဝင်ထိုင်ချိန် ဦးမင်းထင်တို့အခန်းထဲဝင်လာကြသည်။
"ဦးကောင်းကျော်တို့ ရောက်နေကြပြီလား? ဇေ့အခြေအနေကရော?"
"ဇေ့ဒဏ်ရာတွေ ကျက်သွားပြီ ဖေဖေ..ဒါပေမယ့် သူအခုထိ သတိမရသေးဘူး..."
တိုင်း ပြန်ဖြေရင်း အသံတိမ်ဝင်သွားသဖြင့် ဒေါ်ဆွေဆွေမှာ တိုင်းလက်ကိုဆုတ်နယ်၍အားပေးလိုက်သည်။
ဇေ့လိုအချစ်မျိုး သားအပေါ်ချစ်ပေးနိုင်မယ့်လူမရှိမှန်း သိခွင့်ရပြီးကတည်းက အရာအားလုံးကို
YOU ARE READING
သူ...
Romance"ကျွန်တော် ..တိုင်းကို စတွေ့ကတည်းက ချစ်တာ.. တသက်လုံးရည်စူးမိလို့ လက်ထပ်ဖို့အထိဆုံးဖြတ်ထားတာ" (ကောင်းဇေ) "မင်းကို ငါစိတ်ကူးထဲမှာတောင်မရှိလို့. ....ငါ့ဘဝမှာ သိပ်ရွံတဲ့ Gay ဆိုတဲ့အမဲစက်ကြီးမကျန်အောင် မင်းဖြေရှင်းပေး" ...