နေ့လည်မှ ဖျော်ဖြည်ရေးအစီအစဉ်စတင်ကာ ည၉နာရီမှ အစီအစဉ်ပြီးသဖြင့် တိုင်းတို့တဖွဲ့လုံး
ပင်ပန်းနေကြပြီ။ တိုင်း ဟိုတယ် ပြန်ရောက်ရောက်ချင်း လေးကျော်ဆီဖုန်းဆက်ကြည့်တော့
ဖုန်းပိတ်ထားသဖြင့် စိတ်ပူသွားသည်။ ဦးကောင်းကျော်ဆီဆက်ကြည့်တော့လည်း ထိုနည်း၎င်း။
တိုင်းရင်ပူလာကာ ရာဇာ့အခန်းဆီပြေးသွားပြီး သူ့ဖုန်းဖြင့်ဆက်ကြည့်လည်း မရ။ ဆောက်တည်ရာမရ
ဖြစ်နေသည့် တိုင်းကိုကြည့်ရင်း ကိုသူရိန်အခန်းဖုန်းကို ရာဇာခေါ်လိုက်သည်။
"ဟယ်လို ကိုသူရိန်..ကျွန်တော်တို့ လေးကျော်ဆီဖုန်းဆက်မရလို့.."
"ဟုတ်လား ရာဇာ?..ခဏလေး.. ကျွန်တော်ဆက်ကြည့်လိုက်ဦးမယ်"
အာကာတို့ကိုလည်း ရာဇာအကျိုးအကြောင်းဖုန်းလှမ်းဆက်ပြောပြီးချိန် ကိုသူရိန်ဖုန်းပြန်ဆက်လာသည်။
တတိုင်း ဖုန်းကိုချက်ချင်း ကောက်ကိုင်လိုက်ကာ...
"ကိုသူရိန်..ကျွန်တော် တိုင်းပါ..ဆက်လို့ရလား?"
"မရဘူး..တတိုင်း အန်ကယ့်ဆီလည်း ဆက်ကြည့်ပြီးပြီ.. ဖုန်းပိတ်ထားတယ်"
"ဒါဆို ကျွန်တော့်အတွက် ဒီညလေယာဉ်လက်မှတ်ဖြတ်ပေး..အခုပြန်ချင်တယ် ကိုသူရိန်"
"နက်ဖြန်မနက်ပြန်ရမှာပဲတတိုင်း ..ဒီညနားလိုက်ပါလား.. လေးကျော်တို့ဖုန်းအားကုန်သွား
တာလားမှမသိတာ.."
"မဟုတ်ဘူးကိုသူရိန်..ဇေတခုခုဖြစ်နေတာ သေချာတယ်...ကျွန်တော်ဒီညပြန်ချင်တယ်...
မရ,ရအောင်စီစဉ်ပေးပါ please?"
တတိုင်း ပြောပြီး သူ့အခန်းဆီပြန်ပြေးကာ အဝတ်အစားတွေကပြာကယာကောက်ထည့်ရင်းလေးကျော်ဆီ
ဆက်တိုက်ဖုန်းခေါ်နေမိသည်။ ဇေ့အတွက်စိုးရိမ်လွန်း၍ တိုင်းအသက်ပင်ဖြောင့်အောင်မရှုနိုင်။
ရာဇာတို့ တိုင်းနောက်လိုက်လာရင်း စိတ်မပူဖို့ဖျောင်းဖျကြသော်လည်း တိုင်းမှာအရူးတယောက်လိုပင်။
YOU ARE READING
သူ...
Romance"ကျွန်တော် ..တိုင်းကို စတွေ့ကတည်းက ချစ်တာ.. တသက်လုံးရည်စူးမိလို့ လက်ထပ်ဖို့အထိဆုံးဖြတ်ထားတာ" (ကောင်းဇေ) "မင်းကို ငါစိတ်ကူးထဲမှာတောင်မရှိလို့. ....ငါ့ဘဝမှာ သိပ်ရွံတဲ့ Gay ဆိုတဲ့အမဲစက်ကြီးမကျန်အောင် မင်းဖြေရှင်းပေး" ...