Episode 8(ZawGyi)

2 0 0
                                    


"ကဲ..ငဇေ..ငါ.. မင်းပြောသလိုအကုန် စီစဉ်ထားပြီးပြီ..မင်း တကယ်ဒီလိုလုပ်မှ ဖြစ်မှာလား??"

လေးကျော်မေးခွန်းကို ကောင်းဇေနာနာကျင်ကျင်ပြုံးရင်း ခေါင်းညိတ်ပြသည်။

"မင်းတခွန်းသာ ငါ့ကိုပြောလိုက်...တတိုင်းကို အဖွဲ့က တခါတည်းထုတ်ပြီး ဂီတလောကထဲ နောက်တခါ

ဝင်မလာရဲအောင် ငါ လုပ်ပစ်မှာ"

လေးကျော်၏အံ့ကြိတ်ပြောစကားအဆုံး ကောင်းဇေကိုယ်လုံးဆတ်ခနဲ ဖြစ်သွားပြီး ချက်ချင်း

လေးကျော်ကို မျက်လုံးပြူးကြည့်ကာ...

"လေးကျော် အဲ့လိုလုပ်ရအောင် တိုင်းက ဘာမှားခဲ့လို့လဲ..ပြောစမ်းပါ သူဘာမှားခဲ့လဲ??"

အဖျားခတ်တုန်ကာ မခံမရပ်နိုင်စွာ ပြောနေသည့်ကောင်းဇေ့စကားကြားသောအခါ လေးကျော်

စိတ်ပျက်လက်ပျက်ပုံစံဖြင့် သူ့ဘေးမှာ ဝင်ထိုင်သည်။ဖေဖေကတော့ သူ့တို့နှင့် မနီးမဝေးမှာ

ထိုင်နေပြီး အခြေအနေကို အကဲခတ်နေ၏။

"သူမမှားဘူးဆိုတော့ ..မင်းမှားခဲ့တာလား??

"ဟုတ်တယ်..သား အမှား..အကုန်လုံး သားပဲ မှားခဲ့တာ..တိုင်းက တချိန်လုံးသူ့ဘာသာသူပဲနေ

..နေခဲ့တာ"

လေးကျော် သက်ပြင်းချရင်း သူ့ပုခုံးကို ဖက်ကာဖေဖေ့ဘက်လှမ်းကြည့်နေလေသည်။ ဖေဖေ

ခေါင်းညိတ်ပြသောအခါ လေးကျော် ဘာမှ ထပ်မပြောတော့။

"သားကချစ်ခဲ့ပြီး သူကမချစ်ခဲ့တာပဲရှိတာ.. ဒါကြောင့်တိုင်းကို ဘာမှထိခိုက်အောင်မလုပ်

လိုက်ပါနဲ့....သူတခုခုဖြစ်ရင် သားလေ..."

တိုးဝင်သွားသည့် သူ့အသံကို လေးကျော်က နားလည်သလို ခေါင်းညိတ်ပြကာ ဖေဖေနှင့်အတူ သူ့အခန်း

ထဲမှ ထထွက်သွားလေ၏။ကောင်းဇေ အိပ်ရာဘေးခုံပေါ်ရှိ တိုင်းဓာတ်ပုံကိုရီဝေဝေကြည့်နေမိသည်။

လူတယောက်က တခြားတယောက်အပေါ်ချစ်ခွင့်ရှိသလို မုန်းခွင့်လည်း ရှိသင့်တယ်မလား??။

သူ...Where stories live. Discover now