တနှစ်ခန့်ကြာသော်......
ဆောင်းဦးရာသီ၏အေးချမ်းသာယာသောနေ့တနေ့တွင် တောင်ပေါ်မြို့လေး၏ မထင်မရှား
ဘုန်းကြီးကျောင်းအတွင်း လူစည်ကားနေ၏။ အချစ်များဖြင့် ခြယ်မှုန်းသော နိုဝင်ဘာ ၁၅ ရက်နေ့......။
ဘုန်းကြီးကျောင်းအနီးတဝှက်ရှိရွာများကိုလည်း စတုဒီသာကျွေးမည်ဟုဖိတ်ထားသဖြင့် တိုးမပေါက်နိုင်။
အထူးသဖြင့်ကလေးအရေအတွက်ပိုများနေသည်။ ကလေးများကြားတွင် လည်ကတုံးလက်ရှည်
အဖြူနှင့်ပိုးပုဆိုး နံ့သာရောင် ဆင်တူဝတ်ထားသော ကောင်လေး ၂ယောက်ပျော်ရွှင်နေကြ၏။ တိုင်း စီစဉ်
ထားသည့် အဖြူရောင်နှင့်ရွှေရောင် လက်ထပ်လက်စွပ်လေး၂ကွင်းမှာ စိန်ဖြူများပတ်လည်ထည့်ထား
သဖြင့်နေရောင်အောက်မှာ တဖျတ်ဖျတ်လက်လျှက် ဇေ့ စေ့စွပ်လက်စွပ်နဲ့ ပနံသင့်စွာ။ရာဇာတို့အုပ်စု နှင့်
နှစ်ဘက်သော မိဘများမှာလည်း ကျောင်းအောက်တွင် ခင်းထားသောဖျာတွင်ထိုင်နေကြကာ ရွာလူကြီး
များနှင့်စကားလက်ဆုံပြောနေကြသည်။ ကျောင်းဝင်းဘယ်ဘက်ခြမ်း၌အစားအသောက်ချက်ပြုတ်
နေသောအဖွဲ့ကို တွေ့ရမှာဖြစ်ပြီး သူတို့နှင့် မနီးမဝေးတွင် personal photographer teamမှ
ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းများကို တချက်အလွတ်မခံဘဲ ရိုက်ကူးပေးနေကြသည်။
ဆံပင်ညိုများ သပ်သပ်ရပ်ရပ်စည်းနှောင်ထားသဖြင့် မျက်နှာလေးထင်းနေသော တိုင်းကို
ဇေ မြတ်မြတ်နိုးနိုး ကြည့်လျှက်...
"တိုင်းကိုပိုင်ဆိုင်ခွင့်ရလို့...ဒီလိုနေ့မျိုးအတူတူကျင်းပခွင့်ရလို့ အရမ်းကျေးဇူးတင်တယ် တိုင်း.."
တိုင်း ကြည်နူးစွာ ပြုံး၍ ဇေ့လက်ကို ဆွဲယူပြီး ရင်ဘတ်မှာကပ်လိုက်ကာ..
"ချစ်ခြင်းမေတ္တာကို ခံစားတတ်အောင် သင်ပေးလို့....ဇေ့ကို တိုင်း ကျေးဇူးတင်နေတာ... "
"ညီဇေတို့.... ဘုန်းဘုန်းက ဆွမ်းမသုံးခင် တရားအရင် နာမယ် ပြောတယ်...အခုလာခဲ့ကြတော့"
YOU ARE READING
သူ...
Romance"ကျွန်တော် ..တိုင်းကို စတွေ့ကတည်းက ချစ်တာ.. တသက်လုံးရည်စူးမိလို့ လက်ထပ်ဖို့အထိဆုံးဖြတ်ထားတာ" (ကောင်းဇေ) "မင်းကို ငါစိတ်ကူးထဲမှာတောင်မရှိလို့. ....ငါ့ဘဝမှာ သိပ်ရွံတဲ့ Gay ဆိုတဲ့အမဲစက်ကြီးမကျန်အောင် မင်းဖြေရှင်းပေး" ...