Episode 15(ZawGyi)

1 0 0
                                    


စိမ်းလန်းလှပသော တောင်ပေါ်မြို့လေးသို့ ကားလေး တရိပ်ရိပ်ပြေးနေသလို ကားပေါ်မှ တိုင်း

၏ရင်ခုန်သံကလည်း တဒိန်းဒိန်းခုန်နေလျှက်။ တစ်နေကုန် မောင်းလိုက် နားလိုက်ဖြင့် ခရီးဆက်ခဲ့ရာ

ညနေစောင်းတွင် မြို့လေးကိုရောက်သည်။ အေးချမ်းတိတ်ဆိတ်သော ရပ်ကွက်လေးတခုအရောက်...

"ရောက်ပြီ တတိုင်း ....ဒါ သားဇေ့အိမ်ပဲ"

ဦးကောင်းကျော် ညွှန်ပြသော ချစ်စရာအိမ်လေးကို ကြည့်လိုက်ရင်း တိုင်း ပြုံးမိသည်။ တိုင်းမြတ်နိုး

သောမြို့လေးမှာ ဇေက အိမ်ဝယ်ထားသည်တဲ့။ နေချင်စရာကောင်းသော အိမ်လေးကို တိုင်းငေးကြည့်ရင်း..

"ဟုတ်ကဲ့ အန်ကယ်...ကျေးဇူးပါ ...ကားဆရာဦးစိုးလည်း ကျေးဇူးပါဗျာ"

"ရပါတယ်ကွာ...အေးဆေးနားကြ....အန်ကယ်တို့တော့ Hotel တခုမှာ booking တင်ထားတယ်..နက်ဖြန်မှ

ပြန်လိုက်တော့မယ်"

"ဟုတ် အန်ကယ်"

တိုင်း ဦးကောင်းကျော်အား နှုတ်ဆက်ကာအိမ်လေးထဲဝင်ခဲ့ရာ ဧည့်ခန်းထဲတွင် လေးကျော်ကို တွေ့ရသည်။

လေးကျော်က ကြိုတင်သိနေသည့်အတိုင်း ပြုံးကာ တိုင်းလက်ကို ဆွဲယူ၍တိုးတိုးလေးကပ်ပြောသည်။

"သားဇေကို ဘာမှမပြောထားဘူး ..တတိုင်းလာမှာ သူမသိဘူး.. အပေါ်ထပ်တက်သွား..

ပန်းချီခန်းထဲမှာ သူရှိတယ်"

"အခုတတိုင်းရောက်လာပြီဆိုတော့ လေးကျော် အကိုကြီးနဲ့ ပြန်လိုက်သွားတော့မယ်...သားဇေကို

စိတ်ချလက်ချ အပ်ခဲ့မယ် ..တခုခုဆိုရင် ငါ့လက်သီးကို မြင်တယ်မလား??"

လေးကျော် သူ့လက်သီးကို ရှေ့ထိုးပြလာသောကြောင့် တတိုင်း သွားပေါ်အောင် ရယ်လိုက်ရင်း...

"ဇေ့ကို တသက်လုံး ပျော်အောင်ထားမှာ .. လေးကျော် စိတ်ချပါဗျာ"

လေးကျော်လည်း ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးရင်းအိမ်ထဲမှ ထွက်သွားသည်။ တိုင်း

သူ...Where stories live. Discover now