(Unicode)
ဇူလိုင်လ၂၃ရက်၂၀၂၀ခုနစ်,
ညဥ့်အတော်နက်နေတာကြောင့် လမ်းပေါ်မှာ
လူဆိုတဲ့သတ္တဝါကို ရှာရခက်လွန်းတဲ့အထိ
ခြောက်ကပ်လွန်းနေသည်။သို့သော် ဒီလိုလူခြေတိတ်တဲ့အချိန်
Busanရဲ့ မြို့ပြင်တစ်နေရာမှာတော့
အလဲအလှယ်လုပ်နေလေရဲ့။"Liz...အိတ်ထဲမှာငွေပြည့်တယ်လို့ ယုံလိုက်မယ်နော်"
"ငါဘယ်တော့မှ ကလိမ်ကကျစ် မလုပ်ဘူးJack"
ပါးစပ်က စီးကရက်ကို ရှိုက်ဖွာရင်း
သူ ပြန်ပြောလိုက်သည်။"ငါလည်းမင်းကိုယုံပါတယ်ကွာ"
သူကတော့ ခေါင်းတညိတ်ညိတ်နဲ့ပဲ တုန့်ပြန်သည်။
"အာ့ဆိုငါတို့လစ်ပြီ..မင်းလည်းဒိုးတော့နော်"
သူပေးထားတဲ့ ငွေထုပ်ကိုယူပြီး
တစ်ဖက်အုပ်စုက ထွက်သွားကြသည်။သူကတော့စီးကရက်ကို မြေပေါ်သို့ပစ်ချရင်း ဘွတ်ဖိနပ်အထူကြီးနဲ့ ဖိချေလိုက်ကာ...
"သွေးကြောင်တဲ့ကောင်တွေ..
ဒါလေးလုပ်တာတောင် လူကငါးယောက်နဲ့.."ဟိုအဖွဲ့ရဲ့အတင်းပြောရင်း ဝယ်ထားတဲ့
ဆေးခြောက်ထုပ်လေးကို
ဘောင်းဘီအိတ်ထဲထည့်ကာ
ဆိုင်ကယ်ရပ်ထားရာကို လျှောက်လာသည်။စီးကရက်နောက်တစ်လိပ်ကို
ပါးစပ်မှာတေ့ရင်း မီးထပ်ညှိနေသေးသည်။ဆိုင်ကယ်ထားခဲ့တဲ့
နေရာကိုအမြန်လျှောက်နေတုန်းရှိသေး...
ကြားလိုက်ရတဲ့အသံတွေကြောင့် ရပ်လိုက်မိသည်။"မပြေးနဲ့နော်..လွတ်မယ်ထင်လို့လား.."
အစကမသဲကွဲပေမယ့် သေချာနားစိုက်မှ
ရှင်းရှင်းလင်းလင်း ကြားရသည်။ဘယ်သူတွေမှန်းမသိပေမယ့်
ပြဿနာမတက်ချင်တာကြောင့်
ဆိုင်ကယ်ဆီအမြန်ပြေးလိုက်သည်။စက်နိုးပြီး လီဗာတင်နေချိန် ခံစားလိုက်ရတဲ့
အထိအတွေ့တစ်ခု...သူ့ခါးတွေကိုတင်းကြပ်စွာ
ဖက်တွယ်လာတဲ့လက်တွေ၊"မင်းဘယ်သူလဲ"
YOU ARE READING
Fade Away
Fanfictionဘဝဟာစာအုပ်တစ်အုပ် ကင်မ်ဟာဖောင်တိန်တစ်ချောင်း မောင်ဟာစာရွက်ပါးတစ်ရွက်ဆို ကင်မ်တို့အပေါ် ရက်စက်ခဲ့တဲ့ ကံကြမ္မာဟာ စာရေးသူပေါ့။ "ကင်မ်နဲ့မောင့်ရဲ့ တွေ့ဆုံမှုဟာနေဝင်ချိန်လိုပဲ ကြည်နူးစရာကောင်းသလို လွမ်းမောဖွယ်လည်းကောင်းသား....." ဘဝဟာစာအုပ္တစ္အုပ္ ကင္မ္ဟ...