(Unicode)
သူမနဲ့ခန္ဓာကိုယ်ချင်းပါ
ရင်းနှီးပြီးတဲ့ အနေအထားတစ်ခုမှာ
သူမကိုအဆုံးရှုံးမခံနိုင်တော့ဘူး။ကင်မ်ဆိုတဲ့
အမျိုးသမီးကိုချစ်တာထက်မြတ်နိုးရသည်။သူမခန္ဓာကိုယ်ကို တန်ဖိုးမထားတာ
မဟုတ်ပေမယ့် အရမ်းချစ်လွန်းလို့ မထိန်းနိုင်ခဲ့တာ...ဒီလူသတ်ဘိန်းရောင်းတဲ့ အလုပ်ကြီးကိုလည်း
သူဆက်ပြီးမလုပ်ချင်တော့ပါ။သူမနဲ့သာ
ဘဝကြီးကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်သည်။သူမပဲလိုအပ်သည်။
သူမကိုလည်း
ရာဇဝတ်သားတစ်ယောက်ရဲ့မိန်းမအဖြစ်မခံနိုင်ဘူး။ဒါကြောင့် ဒီဆုံးဖြတ်ချက်ချရခြင်း။
"Liz....."
ထုံးစံအတိုင်း တွေ့နေဆုံနေကျ
ဘူဆန်မြို့ပြင်မှာရောက်နေခဲ့သည်။အရင်လိုမှောင်နေတဲ့အချိန်မဟုတ်ပေမယ့်
အခုဟာနေဝင်ရီတရောလေး......"ခေါင်းဆောင်ကိုယ်တိုင်လာတာလား"
အကျီအနက်ရောင်တွေနဲ့
ယောကျာ်းတွေအများကြီး။အဲ့ထဲကမှ အလယ်က
Long coatကြီးနဲ့လူတစ်ယောက်
သူကတော့Devilဂိုဏ်းရဲ့ခေါင်းဆောင်..."မင်းလိုအားထားရတဲ့လူက ထွက်တော့မယ်ဆိုတော့
ငါကိုယ်တိုင်လာရတာပေါ့ Lizရာ""ကျုပ်ဒီအလုပ်တွေဆက်မလုပ်နိုင်တော့ဘူး"
အမြန်ဆုံးစွန့်လွတ်ချင်သည်။
ကင်မ့်ကိုဒီညလက်ထပ်ခွင့်တောင်းပြီးတာနဲ့
မနက်ကျရင် ထိုင်းကိုတခါတည်းခေါ်သွားဖို့
အရာအားလုံး စီစဥ်ထားသည်လေ။"ငါနားလည်ပါတယ်၊ ငါကလည်းခွင့်ပြုပေးမှာပါ"
သူ့ပခုံးအား တစ်ချက်ပုတ်ရင်း
ခေါင်းဆောင်ဆိုသူကပြောလိုက်သည်။"တကယ်ခွင့်ပြုတာလားခေါင်းဆောင်"
"ငါစကားကိုနှစ်ခါမပြောဘူးLiz"
"ကျေးဇူးတင်ပါတယ်...ခွင့်ပြုပေးလို့"
"ထားပါငါလည်းကိစ္စလေးရှိသေးလို့ ပြန်အုန်းမယ်။
မင်းရဲ့လက်ကလက်ပတ်သာငါ့ကိုပြန်ပေးလိုက်"
YOU ARE READING
Fade Away
Fanfictionဘဝဟာစာအုပ်တစ်အုပ် ကင်မ်ဟာဖောင်တိန်တစ်ချောင်း မောင်ဟာစာရွက်ပါးတစ်ရွက်ဆို ကင်မ်တို့အပေါ် ရက်စက်ခဲ့တဲ့ ကံကြမ္မာဟာ စာရေးသူပေါ့။ "ကင်မ်နဲ့မောင့်ရဲ့ တွေ့ဆုံမှုဟာနေဝင်ချိန်လိုပဲ ကြည်နူးစရာကောင်းသလို လွမ်းမောဖွယ်လည်းကောင်းသား....." ဘဝဟာစာအုပ္တစ္အုပ္ ကင္မ္ဟ...