(Unicode)
"ချယ်...ဘာလို့ ကင်မ့်ကိုဒီနေရာခေါ်လာတာလဲ"
အဆောက်အဦးကြီးက
အေးစက်ပြီး တိတ်ဆိတ်လွန်းသည့်နေရာ......အပြင်ဘက်မှာသစ်ပင်တွေနဲ့စိမ်းစိုပေမယ့်
အတွင်းထဲမှာ မှန်ဘောင်အထပ်ထပ်နဲ့အရိုးပြာအိုးတွေ
အမှတ်တရ သိမ်းရာနေရာ...."ဒီနေရာကိုဘာလို့ခေါ်လာတာလဲ ချယ်"
သူမ မေးတာတစ်ခွန်းမှပြန်မဖြေပဲ
လက်ကိုအတင်းဆွဲပြီး ခေါ်သွားနေတဲ့
ချယ့်ကိုနားမလည်တော့။"ဒီမှာLizက ကင်မ့်ကိုသိပ်တွေ့ချင်နေခဲ့တာ"
"မောင်...."
သူမတွေ့နေရတာတွေဟာ
အမှန်မဟုတ်ဘူးလို့ပြောပေးပါ....ကျေးဇူးပြုပြီး။စတုရန်းမှန်ဘောင်ထဲမှာ ပြာအိုးလေးရယ်
ဆယ်ကျော်သက်လောက်ကရိုက်ထားတယ်လို့
ထင်ရတဲ့ မောင့်ဓါတ်ပုံလေး....အဲ့ဘေးမှာအတူနေရာယူထားတဲ့
သူမအိပ်နေတဲ့ပုံလေးလည်းရှိနေသေးသည်။နောက်ပြီးသူတို့သူငယ်ချင်းသုံးယောက်ပုံ
မောင်ရယ် ဘန်ရယ် ချယ်ရယ်
"ချယ် ဘယ်လိုဖြစ်ပြီး...မောင်က"
ပြောချင်တဲ့စကားတွေဟာ
စိတ်လိုလက်ရမထွက်နိုင်တော့သလိုပဲ။လည်ချောင်းဝမှာ တစ်နေခဲ့သည်။
"ကင်မ့်ဆီပြန်မလာနိုင်ခဲ့တဲ့ညတည်းက
Lizဆုံးသွားခဲ့တာ ကင်မ်ရဲ့"ချယ်ဟာလည်းမျက်ရည်တွေကျရင်း
သူမကိုပြောနေခဲ့သည်။သူမကတော့မှန်ဘောင်လေးကို ထိကိုင်ရင်း
မျက်ရည်တွေအဆက်မပြတ် စီးဆင်းကာ
ခေါင်းတခါခါနဲ့လက်မခံနိုင်ဖြစ်နေပုံ။"ကင်မ်ကအမှန်တရားတွေကိုမသိပဲ
သူ့ကိုမုန်းတီးနေခဲ့တာမလား ကင်မ်""တော်ပါတော့ ချယ်ရယ်...ကင်မ့်ကိုကင်မ့်ကို
ဘာမှထပ်မပြောပါနဲ့အုန်းလား"သူမလက်ကာပြရင်း တားလိုက်သည်။
မောင်က ဆုံးသွားခဲ့ပြီတဲ့။
YOU ARE READING
Fade Away
Fanfictionဘဝဟာစာအုပ်တစ်အုပ် ကင်မ်ဟာဖောင်တိန်တစ်ချောင်း မောင်ဟာစာရွက်ပါးတစ်ရွက်ဆို ကင်မ်တို့အပေါ် ရက်စက်ခဲ့တဲ့ ကံကြမ္မာဟာ စာရေးသူပေါ့။ "ကင်မ်နဲ့မောင့်ရဲ့ တွေ့ဆုံမှုဟာနေဝင်ချိန်လိုပဲ ကြည်နူးစရာကောင်းသလို လွမ်းမောဖွယ်လည်းကောင်းသား....." ဘဝဟာစာအုပ္တစ္အုပ္ ကင္မ္ဟ...