အပိုင်း(၂)

1.1K 190 25
                                    

(Unicode)

အချိန်အားဖြင့်
ည၁၁နာရီရှိနေပေမယ့် သူပြန်မရောက်သေးဘူး။

သူ့ကိုစိတ်ပူလွန်းလို့ ဆက်တီပေါ်မှာ
ဒူးထောင်ရင်းထိုင်ကာစောင့်နေမိသည်။

တီ..တီ..

တံခါးဖွင့်သံကြားမှ အလုံးကြီးကျသွားသလိုပဲ။
သူ့ဆီအပြေးသွားကြိုမိသေးသည်။

"လီဆာ ဘာလို့နောက်ကျနေတာလဲ"

ထုံးစံအတိုင်း maskကြီးရှိနေတုန်း...
မျက်နှာလှလှကို အပြည့်အဝဖူးမျှော်ချင်ပေမယ့်
သူမက တားဆီးထားသလိုပဲ။

"ကင်မ်ပြောတာကြားရဲ့လား..
ဘာကြောင်ကြည့်နေတာလဲ"

သူမ မေးတာပြန်မဖြေလို့ထင်သည်။
လူကိုခါးထောက်ပြီး အသံမာမာနဲ့ပြောနေလေရဲ့။

မိစွာတေးလေးပဲ။

"ငါကြားပါတယ်၊ အခုတော့တစ်ယောက်တည်း
အေးဆေးနေချင်လို့ ငါ့ကိုခွင့်ပြုအုန်း"

အဝမှာထိုင်ချရင်း
ဖိနပ်ကြိုးဖြည်ကာ ချွတ်လိုက်ပြီး
အပေါ်ထပ်ဂျာကင်ကိုပါ
အဝတ်စင်ပေါ်ချိတ်လိုက်သည်။

ပြီးတဲ့နောက် သူကတိုက်ခန်း ဝရံတာဘက်
ထွက်သွားပြန်သည်။

သူ့လှုပ်ရှားမှုတွေကို မျက်တောင်မခတ်ငေးနေမိတဲ့
ကိုယ့်ကိုယ်ကိုလည်း အံ့သြလို့မဆုံး....

~~~~~~~~

ဘန်နဲ့ ချယ်ပြောမှသိရသည်။
ဆိုးလ်ဝန်ကြီးချုပ်ရဲ့ သမီးပျောက်နေသည်တဲ့လေ။

ဘူဆန်ကို ပြေးလာတာလို့လည်းပြောသေးသည်။
အဲ့ကိစ္စကိုစုံစမ်းဖို့ သူတာဝန်ယူရအုန်းမည်။

​ဒုစရိုက်သမားဖြစ်တော့လည်း ဂိုဏ်းချုပ်က
ခိုင်းသမျှ လုပ်ပေးနေရအုန်းမှာပေါ့လေ။

"ဝန်ကြီးချုပ်သမီးက ဘယ်များရောက်နေမလဲ"

စီးကရက်ကို နှုတ်ခမ်းမှာညှပ်ရင်း မီးညှိကာ
အငွေ့တွေရှိုက်ထုတ်နေလိုက်သည်။

ကောင်းကင်ကြီးကိုကြည့်တော့လည်း
ကြယ်တွေစုံပြီးလှပနေပါလား.....

လမင်းကြီးရယ်ကြယ်လေးတွေရယ်က
ဖြူစင်လွန်းလိုက်တာ..

သူ့လိုမဟုတ်ပါလား။
သူကတော့ သွေးစွန်းဖူးတဲ့ လက်တစ်စုံပိုင်ရှင်လေ။

Fade AwayWhere stories live. Discover now