(Unicode)
"ကင်မ်...ရှင့်ကိုချစ်တယ် လီဆာ"
လက်ထဲကိုင်ထားတဲ့
အိတ်တောင်ပြုတ်ကျသွားသည်။သူမကချစ်တယ်တဲ့လား.....
ဒီစကားကိုဘာလို့ပြောရတာလဲကွာ...
ကျေးဇူးပြုပြီး နောက်ဆံတင်းရအောင်မလုပ်ပါနဲ့။"ငါတို့ကမဖြစ်နိုင်ဘူး ကင်မ်"
"ကင်မ်....ရှင့်ကိုအရမ်းချစ်တယ်၊
ရှင်နဲ့ခွဲပြီးတစ်စက္ကန့်လေးတောင်မနေချင်ဘူး"ရင်ခွင်ထဲ
အတင်းဝင်လာတဲ့ သူမကြောင့်လူကတောင့်ခနဲ...နှလုံးသားကြီးကလည်း
ရထားတစ်စင်းလိုခုတ်မောင်းနေတာကြောင့်
သူမကြားသွားမှာတောင် ကြောက်နေခဲ့သည်။သူ့လိုလူကြမ်းလည်း သူမနဲ့တွေ့မှ
ကျောက်တုံးကနေ ဖယောင်းဖြစ်နေပြီ။"အပိုစကားတွေပြောမနေပဲပြန်ဖို့သာပြင်ပါ ကင်မ်"
စိတ်ထဲကမပါတဲ့ စကားလုံးတွေပြောရင်း
သူမကိုထားခဲ့ရသည်။တံခါးဝမှာရပ်နေမိတော့ အတိုင်းသားကြားနေရတဲ့
သူမရဲ့ငိုကြွေးသံတွေ။သူမရှိုက်သံတွေက သံရည်ပူတွေလောင်းချနေသလို
နားထဲပူလောင်စွာ စီးဆင်းလာခဲ့သည်။သူ့လိုရာဇဝတ်သားကို မချစ်ပါနဲ့...
သူမဟာတန်ဖိုးကြီးတဲ့ ဒေစီညိုလေး...
သူကတော့ အညတရ မြေမှုန်လေး။သူမနဲ့မထိုက်တန်ပါဘူး။
အရင်ရက်တွေက
တခြားအလုပ်တွေဦးစားပေးနေရလို့
ဝန်ကြီးချုပ်သမီးကိစ္စကို မလှည့်နိုင်ခဲ့ဘူး။တခြားသူနဲ့ပဲလွဲထားဖြစ်ခဲ့တာ....
ဒီနေ့မှကိုယ်တိုင်ဦးဆောင်ပြီးရှာဖို့ စီစဥ်ထားခဲ့သည်။ချက်ချင်းအမှန်တရားတစ်ခုသိလိုက်ရသည်။
သူမဟာဝန်ကြီးချုပ်ရဲ့ သမီးတဲ့လေ။အိမ်ထဲပိတ်လှောင်ခံထားရလို့ဆိုပြီး
ထွက်ပြေးလာခဲ့တာတဲ့။ဝန်ကြီးချုပ်က အများအမြင်မှာ
ပရဟိတတွေလုပ်ရင်း သူတော်ကောင်းဆိုပေမယ့် နောက်ကွယ်ကျရာဇဝတ်သားအကြီးစားကြီး။
YOU ARE READING
Fade Away
Fanfictionဘဝဟာစာအုပ်တစ်အုပ် ကင်မ်ဟာဖောင်တိန်တစ်ချောင်း မောင်ဟာစာရွက်ပါးတစ်ရွက်ဆို ကင်မ်တို့အပေါ် ရက်စက်ခဲ့တဲ့ ကံကြမ္မာဟာ စာရေးသူပေါ့။ "ကင်မ်နဲ့မောင့်ရဲ့ တွေ့ဆုံမှုဟာနေဝင်ချိန်လိုပဲ ကြည်နူးစရာကောင်းသလို လွမ်းမောဖွယ်လည်းကောင်းသား....." ဘဝဟာစာအုပ္တစ္အုပ္ ကင္မ္ဟ...