အပိုင်း(၆)

30.1K 2.6K 92
                                    


ထမင်းစားကျောင်းဆင်းချိန်တွင်ဖြစ်သည်။

"နှစ်ယောက်လောက်လာဦး ဆရာမကို ..
ဒါလေး ဆရာမရဲ့စားပွဲပေါ် သွားထားပေးစမ်း"

သူမတို့ အခန်းကို အင်္ဂလိပ်စာသင်တဲ့
ဆရာမက အခန်းပေါက်ဝမှခေါ်လိုက်တာကြောင့်
အနီးဆုံးဖြစ်သည့် ယွန်းနဒီလွင်က
ထသွားလိုက်သည်။

"စာအုပ်တွေကများတယ် ။
တစ်ယောက်ထပ်ခေါ်ပြီး သွားလိုက်သမီး"

ဆရာမကပြောပြီးသည်နှင့် 
ခပ်သုတ်သုတ် ထွက်သွား၏။

သူမ၏ ဘေးခုံမှာထိုင်သည့် ထိုင်သည့် သူငယ်ချင်းက အိမ်သာသွားတာကြောင့် နောက်တစ်ယောက်ကို
ခေါ်သွားရန် ယွန်းနဒီလွင်
အခန်းထဲကို ကြည့်လိုက်သည်။

ဘုန်းဇေကောင်းဟန်ရှိမလား လို့ကြည့်လိုက်သည့်အခါ နေရာတွင်ထိုင်၍ အေးဆေးစွာ
စာလုပ်နေသည်ကို တွေ့လိုက်ရတာကြောင့်
မခေါ်ဖြစ်ပြန်။

ထိုအချိန် မုန့်စျေးတန်းမှ သူငယ်ချင်းတစ်ယောက်နဲ့အတူ ပြန်လာသည့် ယံသွန်းညိုကို
တွေ့လိုက်သဖြင့် ..

"ဟဲ့ ယံသွန်းညို ဒါလေးအတူသွားထားမလို့
လိုက်ခဲ့ပေးပါလား..."

" ခဏ ငါဒါသွားထားဦးမယ်"

ယံသွန်းညို က ဝယ်လာသည့် အအေးကို
သူ့စားပွဲတွင် သွားထားလိုက်ပြီးမှ ယွန်းနဒီလွင်ဆီသို့ ပြန်လျှောက်လာကာ သူမရဲ့ လက်ထဲက
စာအုပ်တွေထဲမှ တစ်ဝက်ကို
ကူသယ်ပေးလိုက်သည်။

" ဘယ်သွားရမှာလဲ"

" အင်္ဂလိပ်ဆရာမရဲ့ စားပွဲ"

"ဆရာမရဲ့ စားပွဲက ဘယ်နားမှာလဲ"

" ကျောင်းအုပ်ရုံးခန်းဘေးမှာရှိတဲ့
ဆရာမတွေရဲ့ နားနေခန်းထဲမှာလေ..။
ကျောင်းဖွင့်တာဖြင့် တစ်လရှိပြီ
မသိဘူးလား ။

"သိရင် ဘယ်သူကမေးနေမှာလဲ"

မျက်မှောင်ကုပ်၍ ပြောသော
ယံသွန်းညို ကို ယွန်းနဒီလွင်
မျက်စောင်းထိုးပစ်လိုက်သည်။

ငယ်ငယ်ကတည်းက ပေါင်းခဲ့ကြသည့်
သူငယ်ချင်းတွေဆိုပေမဲ့ ယံသွန်းညိုနဲ့ သူမဟာ
ဘယ်တုန်းကမှ အစေးမကပ် ။ အမြဲတမ်း
တကျက်ကျက် ရန်ဖြစ်ခဲ့ကြသည်မှာပုံမှန်။

Beyond All Measures  (COMPLETED)Where stories live. Discover now