ဒေါက် ဒေါက် !
"ဝင်ခဲ့လို့ရတယ်"
"ကိုယံသွန်းညို ခြံရှေ့မှာ ကိုဘုန်းဇေကောင်းဟန်ရဲ့
ညီလေးရောက်နေတယ်ရှင့်"နေ့လယ်နေ့ခင်း ယံသွန်းညို အိပ်ရာထဲတွင်ခွေရင်း ဖုန်းထဲမှ ဘယ်တုန်းကတည်းက ရှိနေမှန်းပင်
မမှတ်မိတော့တဲ့ ဂိမ်းတစ်ခုကို
ပျင်းပျင်းရိရိဆော့နေခိုက် ဝိုင်းဝိုင်းက
လာပြောခြင်းဖြစ်သည်။"အခန်းထဲကိုခေါ်ခဲ့လိုက် ဝိုင်းဝိုင်း"
"ဟို.. သူက အိမ်ထဲ မဝင်တော့ဘူးပဲ ပြောနေလို့"
ဘုန်းလျှံကွန်းခ။ ထိုကလေးရဲ့
အတွေးတွေကို တစ်ခါတလေ ..
သူနားမလည်နိုင်ဘူးပဲ..။ယံသွန်းညို လက်ထဲက ဖုန်းကိုချကာ အောက်ထပ်ကို
ဆင်းဖို့ ပြင်လိုက်တော့သည်။"ဘွားရော.."
"ဘွားဘွား ဘုရားခန်းထဲမှာပါရှင့်"
"ဘွားအနားမှာသွားနေပေးလိုက်ဦးနော်။ တစ်ခုခု
ခိုင်းစရာရှိရင် ကြားအောင်လို့""ဟုတ်ကဲ့"
သူ့ထက် ၃ နှစ်ခန့်မျှ ငယ်တဲ့ ဝိုင်းဝိုင်းကို မှာခဲ့လိုက်ပြီးမှ
ယံသွန်းညို အိမ်အောက်ထပ်ကို ဆင်းခဲ့လိုက်တော့သည်။အိမ်ထဲက ထွက်လိုက်သည်ဆိုလျှင်ပဲ ခြံရှေ့တွင်
စက်ဘီးတစ်စီးဖြင့် ရပ်စောင့်နေသော ဘုန်းလျှံကွန်းခကို
တွေ့လိုက်ရ၏။တီရှပ်အဖြူပေါ်က အပြာနုရောင်
ရှပ်လက်ရှည်လေး ထပ်ဝတ်ထားပြီး အောက်က
ဂျင်းဘောင်းဘီအပြာရင့်လေးဖြင့် သပ်သပ်ရပ်ရပ်
ရိုးရိုးရှင်းရှင်းဝတ်ထားကာ နားသယ်စပ်လေးတွေပါ
ပေါ်သည်အထိ ဆံပင်တိုတိုလေးနဲ့ရှိနေသည့် ကွန်းခက
နွေ၏နေပူပူတွင်ကြည့်ရသည်မှာ
အေးအေးလူလူရှိနေသည်။ယံသွန်းညိုကတော့ ထုံးစံအတိုင်း
အိမ်မှာနေရင်ဝတ်နေကျဖြစ်သည့် ဘွားဝယ်ပေးထားသော
ဆင်ဘောင်းဘီနဲ့ တီရှပ်အဝါနုပွပွလေးကို
တွေ့ရာတွဲဝတ်ထားတာဖြစ်၏။"ကွန်းခ အိမ်ထဲဝင်လေ.."
ဖွင့်လျက်သားရှိနေသည့် ခြံတံခါးမှ ယံသွန်းညို
အပြင်ကိုထွက်ကာ ကွန်းခကို ပြောလိုက်သည်။
![](https://img.wattpad.com/cover/323114072-288-k731720.jpg)
YOU ARE READING
Beyond All Measures (COMPLETED)
RomanceSlow Romance! ဘုန်းလျှံကွန်းခ x ယံသွန်းညို UNICODE /ZAWGYI Start date _ Oct 3 2022 End Date _ Feb 3 2023