အပိုင်း(၂၈)

41.7K 2.6K 113
                                    


Duty off  သည့်ရက်တွင် မြတ်နေခြည်ငြိမ်းသည်
သူမရဲ့ သူငယ်ချင်းတွေနဲ့ အတူ
ကော်ဖီဆိုင်သို့ အေးအေးဆေးဆေး
လာထိုင်ဖြစ်သည်။

Moon cafe ၏ အတွင်းခန်းသို့အဝင်
သစ်သားတံခါးကို တွန်းမဖွင့်ခင်
အပြင်ဘက် အပင်စိမ်းစိမ်းများကြားတွင်ရှိသော
စားပွဲတွင် ကော်ဖီတစ်ခွက်နဲ့
တစ်ယောက်တည်း ထိုင်နေသော
အစ်ကိုဘုန်းဇေကို တွေ့လိုက်ရသည့်အခါ
နေခြည်သွား၍နှုတ်ဆက်မိ၏။

"အစ်ကို ကော်ဖီလာသောက်တာလား"

သူမပြောလိုက်သည့်အခါ
ဖုန်းကို ကြည့်နေသော အစ်ကိုက သူမကို မော့ကြည့်၍
ခပ်နုနု ပြုံးပြလာသည်။

"သူငယ်ချင်းတစ်ယောက်နဲ့လာတွေ့တာပါ။
မင်းရော"

"နေခြည်လည်း သူငယ်ချင်းတွေနဲ့ လာတာ။
ဟိုမှာလေ"

နေခြည်က သူမကို တံခါးနားမှာစောင့်နေသော
သူငယ်ချင်းတွေအား လက်ညှိုးညွှန်ပြလိုက်သည်။
အစ်ကိုက သူတို့ကို အပြုံးဖျော့ဖျော့ဖြင့်
ခေါင်းတစ်ချက်ညိတ်၍ နှုတ်ဆက်လိုက်၏။

"ဒါဆို နေခြည်သွားလိုက်ဦးမယ်နော်။
အစ်ကိုလည်း တွေ့ရမယ့်လူရှိသေးတယ်ဆိုတော့"

"ယောကျာ်းလေးပါ"

"ရှင်"

"ဪ အစ်ကို တွေ့မယ့်လူက ယောကျာ်းလေးဆိုတာကို
ပြောပြတာပါ ။ state ကျောင်းတက်တုန်းက
အစ်ကို့သူငယ်ချင်း"

သူမလည်း မမေးပါဘဲနဲ့ ဖြေရှင်းချက်ထုတ်လာသည့်
အစ်ကို့ကြောင့် သူမရင်ထဲတွင် ခပ်နွေးနွေးဖြစ်သွားသည်။

အစ်ကိုကလည်း သူမကို တစ်ချက်ကြည့်ပြီးမှ
မျက်နှာလွှဲကာ ကော်ဖီခွက်ကို သူ့၏
ဖြူ၍သွယ်လျသော လက်တို့ဖြင့် ကိုင်ကာ
တစ်ငုံခန့်သောက်သည်။

အစ်ကိုက ရှက်သွားတာလား..။

"ဟုတ်ကဲ့.."

နေခြည်သည်လည်း ရှက်ပြုံးနုနုဖြင့် အစ်ကို့ကို
ခပ်တိုးတိုးပြောလိုက်သည်။

Beyond All Measures  (COMPLETED)حيث تعيش القصص. اكتشف الآن