"ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါဦး ..
ဆေးကျောင်းက မောင့်ရဲ့အချစ်ရယ် မောင့်လာကုပေး""ဘာဖြစ်နေတာလဲ မင်း"
"ခွိ"
ထမင်းစားခန်းထဲတွင်
မနက်စာအဖြစ် ကော်ဖီတစ်ခွက်သာ သောက်နေသော
ယံသွန်းညို ကို လာစနေသည့်
ဇွဲကောင်းဆက်ကြောင့် ယံသွန်းညို
မျက်လုံးတစ်ချက်စွေ၍ မကျေမနပ်
ကြည့်ကာ ပြောလိုက်သည်။ထိုအခါ ဇွဲကောင်းဆက်က တခွိခွိရယ်ကာ
မျက်နှာပိုးမသေတော့။မနေ့ညက ကွန်းခနဲ့ တော်တော်ကြာကြာ
ဖုန်းပြောဖြစ်နေတာကြောင့်
ဇွဲကောင်းဆက်က ဘယ်သူလဲလို့ လာမေး၍
အကျိုးအကြောင်း ပြောပြလိုက်သည့် အချိန်မှစ..
မျက်နှာက ပြုံးစိစိဖြစ်သွားပြီး ညကတည်းကနေ
အခုထိ လာစနေခြင်းပင်။ဇွဲကောင်းဆက်က ယံသွန်းညိုပြောပြထားဖူး၍
အန်တီမြတ်ပန်းချီ၊ ဘုန်းဇေကောင်းဟန် ၊
ဘုန်းလျှံကွန်းခ၊ ယွန်းနဒီလွင် ဆိုတဲ့ နာမည်တွေကို
ကြားဖူးနားဝရှိနေပြီးပြီပဲလေ။"ဆေးကျောင်းက မောင့်ရဲ့အချစ်ရယ်
မောင့်လာကုပေး.."ရေခဲသေတ္တာထဲက ရေဗူးကို ထုတ်နေရင်း ထိုသီချင်းကို
မကြားတကြားထပ်ဆိုနေပြန်တာကြောင့် ယံသွန်းညို
ဇွဲကောင်းဆက်ကို စားပွဲပေါ်တင်ထားသော
လက်သုတ်ပုဝါနဲ့ ကောက်ပေါက်လိုက်တော့သည်။ထိုအခါ ဇွဲကောင်းဆက်က နှစ်ခြိုက်စွာ ရယ်လိုက်ပြီး..
"ဪ ဘာလို့ ရန်လိုနေရသလဲကွာ..။
ကိုယ့်ဟာကိုယ် သီချင်းလေးဆိုနေတာကိုပဲ""မဆိုနဲ့ ..။ ပါးစပ်ပိတ်နေ.."
"အေးပါကွာ..အားကိုးရှိတော့ အနိုင်ကျင့်ပြီပေါ့။
အားကျပါတယ်""လျှောက်ပြောမနေနဲ့နော်
ကွန်းခနဲ့ ငါနဲ့က ရိုးရိုးသားသားပဲ"ဇွဲကောင်းဆက်က ဘာမှ ပြန်မပြောလာတော့ဘဲ
ပြုံးမြမြဖြင့်သာ ရေနွေးဓာတ်ဗူးထဲမှ ရေနွေးကို
ခွက်ထဲထည့်၍ ကော်ဖီအရင်ဖျော်နေသည်။ထို့နောက်မှ ယံသွန်းညိုနဲ့ မျက်နှာချင်းဆိုင်တွင်
ဝင်ထိုင်လိုက်ပြီး..
![](https://img.wattpad.com/cover/323114072-288-k731720.jpg)
YOU ARE READING
Beyond All Measures (COMPLETED)
RomanceSlow Romance! ဘုန်းလျှံကွန်းခ x ယံသွန်းညို UNICODE /ZAWGYI Start date _ Oct 3 2022 End Date _ Feb 3 2023