"မငိုနဲ့တော့။ မင်း ကလေးလား ..တကယ်ပဲ"ယံသွန်းညိုက ခပ်တိုးတိုးပြောလိုက်ပြီး ကွန်းခရဲ့
ပါးပြင်ထက်က မျက်ရည်စတွေကို လက်နဲ့ဖွဖွ
သုတ်ပေးလိုက်သည်။ကွန်းခ က သူ့ကို သာ ငေးစိုက်ကြည့်၍
ငြိမ်သက်တိတ်ဆိတ်နေ၏။"ဘာလို့ အခုထိ အပြင်မှာရှိနေတာလဲ ။ အရက်ကလည်း
ဘယ်သူနဲ့သွားသောက်တာလဲ ။ အန်တီမြတ်ရော
သိရဲ့လား။ အိမ်ကနေ စိတ်ပူနေဦးမယ်.."ယံသွန်းညို လေသံဖျော့ဖျော့ဖြင့် ဆူလိုက်သည့်အခါမှ
ကွန်းခ က.."Guide သင်ပြီး သူငယ်ချင်းနဲ့ တွေ့ဦးမယ်လို့
ပြောထားတယ်""အဲ့ဒီသူငယ်ချင်းနဲ့ သောက်လာတာလား"
"ဟုတ်တယ်"
"အတတ်ကောင်းတွေတတ်နေ"
"အခုမှ သောက်ဖူးတာပါ"
"မသောက်ဖူးဘဲ အခုမှ ဘာလို့သောက်တာလဲ"
ယံသွန်းညို မေးလိုက်သည့်အခါ ဘုန်းလျှံကွန်းခ က
တစ်ချက်ကြည့်လာပြီးမှ မျက်နှာလွှဲသွားကာ
လေသံတိုးတိုးဖြင့်.."မင်းကို ခဏလောက်မေ့ထားချင်လို့"
ယံသွန်းညိုက ခပ်တိုးတိုးရယ်လိုက်ပြီး..
"မေ့ထားမယ်ဆိုတဲ့သူကလည်း
အိမ်အထိရောက်လာပြီး လာငိုနေတယ်နော်။
ဘယ်လိုပါလိမ့်""ပြန်တော့မယ်"
ကွန်းခ က မျက်ခုံးတို့တွန့်ချိုးလျက်
ချက်ချင်း လှည့်ထွက်ဖို့ပြင်သည်။ထိုအခါကျပြန်တော့လည်း ယံသွန်းညို မနေနိုင်။
ကွန်းခရဲ့ လက်ကို ဆွဲထားလိုက်ရပြန်၏။"စနေတာလေ...မင်းနော် ..ကွန်းခ ၊
အရမ်းဆိုးနေ""ကျွန်တော် နားချင်ပြီ"
"တကယ်အိမ်ပြန်တော့မလို့လား"
"အင်း"
![](https://img.wattpad.com/cover/323114072-288-k731720.jpg)
YOU ARE READING
Beyond All Measures (COMPLETED)
RomanceSlow Romance! ဘုန်းလျှံကွန်းခ x ယံသွန်းညို UNICODE /ZAWGYI Start date _ Oct 3 2022 End Date _ Feb 3 2023