Chapter(4)

715 90 2
                                    

Unicode

ကျီချင် က အရင်ကျစ်အန်းပြန်လာနိုင်လောက်လားလို့ မေးလာပြန်တယ်။

ငါဒီရက်တွေမှာ မပင်ပန်းစဖူးအရမ်းပင်ပန်းနေပြီ၊ ဘယ်သူ့နဲ့မှလည်း ပြောဆိုဆက်ဆံတာတွေမလုပ်ချင်တော့ဘူး။အဲ့တာတောင် သူကဒီမေးခွန်း ငါ့ကိုလာမေးခဲ့တယ်တဲ့လေ။

"ငါမင်းကိုပြောနေတယ်လေ ငါကတကယ့်ကျစ်အန်းပါဆို မင်းတောင့်တနေတဲ့အဲ့ကောင်က အပြင်လူသာသာပဲ"
ငါကူကယ်ရာမဲ့စွာပြောလိုက်ခဲ့မိတယ်။

ကျီချင် ငါ့စကားတွေလည်းကြားရော သူမျက်နှာကမပျော်ရွှင်သွားသလိုမျိုး အမူအရာတွေကအေးခဲသွားခဲ့တယ်။

"အဲ့တော့သူကပြန်လာမှာလား မပြန်လာတော့ဘူးလား"
လက်လျှော့မယ့်ပုံမပေါ်ပဲ ထပ်မေးလာခဲ့ပြန်တယ်။
"ဥပမာပြောရရင်ကွာ သူအစစ်ကတခြားပုံစံ အနေနဲ့ပြန်လာလောက်လား၊ငါက သူ့ရဲ့ပုံစံကိုချစ်တာမဟုတ်ဘူး သူမို့လို့ကိုချစ်နေရတာ"

ငါက သူမို့လို့ကို ချစ်နေရတာတဲ့...

ငါ့စိတ်တွေလွတ်ထွက်ကုန်တယ်။ငါ ကျစ်အန်းအတုကို အရမ်းမနာလိုဖြစ်မိတယ်။
ခဏအချိန်ယူပြီးမှ ငါပြောထွက်နိုင်ခဲ့တာက
"ဖြစ်နိုင်လောက်မှာပါလို့"  လေ။

ဒီစကားလေးပြောဖို့ကို ငါ့ရဲ့ရှိသမျှခွန်အားတွေအကုန် ဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်။ ကျီချင်ရှေ့မှာ မတ်မတ်ရပ်ဖို့ကိုတောင်အားမရှိတော့တာမို့ ကိုယ့်အခန်းထဲပဲ ခပ်မြန်မြန်ပြန်လိုက်ပြီး အခန်းတံခါးက်ိုပိတ်လိုက်တော့တယ်။

ငါအရမ်းပင်ပန်းနေပြီ ၊ဘာဖြစ်လို့ ဘယ်သူမှ အခုငါ့ကိုမကြိုက်ကြတာလဲ။

သူတို့တွေအားလုံး ကျစ်အတုကိုပိုပြီးကြိုက်ကြတယ်။ငါ့မိဘ ငါ့သူငယ်ချင်း ငါ့အချစ်ဆုံးလူကတောင်မှ ကျစ်အန်းအတုကိုပိုလိုလားကြတာ ငါကရော ငါ့ကိုယ်ငါ‌တောင် အံသြမိတယ် ဘာအတွက်နဲ့ပြန်လာခဲ့မိပါလိမ့်။ဘဝက ဗီလိန်တစ်ယောက်လိုပဲ ငါပြန်လာတာကို ဘယ်သူမှမလိုချင်ကြဘူး။

ပြန်လာဖို့ခက်ခက်ခဲခဲကြိုးစားထားရတာတွေအကုန်လုံးက ငါ့ကိုယ်ငါအရူးလုပ်ဖို့လောက်ကလွဲပြီး ဘာမှမဟုတ်ခဲ့ဘူးပဲ။

His Present (Myanmar translation )Where stories live. Discover now