Book (1) : 04(A)

1K 85 1
                                    

Chapter 04 - A : Pressure

Porsche's Pov

ကျွန်တော့် ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့သူက ဘဝ တစ်ဝက် သေဆုံးပီး နောက်တစ်ရက်မှာ တရားစီရင်ခံရတော့မဲ့ လူလို မျက်နှာမျိုးနဲ့ ...
ဦးလေး အသီ က ရုတ်တရပ် ဖုန်းဆက်လာပီး သူ့ကိူ ရှော့ပင်းမော တစ်ခုမှာ လာကြိုပေးဖို့ပြောလာတယ်... ကျန်တာဘာစကားမှကို ဘာမှထပ်မပြောတော့... သူ့ကို အိမ်ပြန်ခေါ်သွားဖို့သာ ပြောနေသည်...

"ဆင်းလို့ရပီ"
အိမ်နောက်ဖေးလမ်းကြားရောက်တော့ ဆိုင်ကယ်ကိုစက်သတ်ပီး အနောက်ကလူကို လှမ်းသတိပေးလိုက်တယ်...
ထို့နောက် အိမ်အုတ်တံတိုင်းကို ကျော်ဖို့ ဦးလေးအသီ ကို ကူညီတွန်းတင်ပေးလိုက်တယ်...

"ဘာတွေလုပ်နေတာလဲ??"
ဦးလေးကနားမလည်စွာ နံရံကို မတက်သေးပဲ လှည့်မေးလာတော့ -

"ရှူး ... တိတ်တိတ်နေ ... မြန်မြန်တက်ပီး ခုန်ချစမ်းပါဗျာ"

"ဘာလို့ ကိုယ့်အိမ်ကို ဝင်တာကို ခိုးကြောင်ခိုးဝှက်တွေ လုပ်နေရတာလဲ??"
ဦးလေးအသီ က ခြံစညါးရိုးနံရံကိုကျော်နေရင်း မေးပြန်တယ်...

ဦးလေးဖြစ်သူရဲ့ မေးခွန်းကို ဂရုမစိုက်နိုင်ပဲ ခြံထဲကို ဘယ်ညာကြည့်လျှောက်သွားကာ အိမ်နောက်ဖေး တံခါးကို သော့ဖွင့်ပီး တိတ်ိိတ်လေး အသံမထွက်အောင် ဂရုတစိုက်ဝင်လိုက်၏...

"ဖူး... ဒီနေ့တစ်ရက်တော့ အသက်ရှင်သွားပြန်ပီ"
အသက်ပြင်းပြင်းရှူသွင်းလိူက်ပီး နောက်က ကပ်ပါလာတဲ့ဦးလေးက အိမ်မီးခလုတ်တချို့ကို ဖွင့်ဖို့လက်လှမ်းနေသည်မို့ အမြန် တားမြစ်ရသေး၏...

"မီးတွေမဖွင့်နဲ့ !!!"
အသံကို ကြိတ်ဖိပီး တားရတယ်...

"မင်းဘာပြသနာဖြစ်နေတာလဲဟ?"
ဦးလေးက ဘာမှနားမလည်...

သတိအနေအထားဖြင့် ဧည့်ခန်းထဲရှိ တစ်ဝက်ကုန်ထားပီဖြစ်တဲ့ ဖယောင်းတိုင်ဆီသွားကာ မီးညှိလိုက်သည်...
"လှုပ်ရှားတာ အသံတွေ မထွက်စေနဲ့"
နားမလည်စွါယောင်ချာချာဖြစ်နေသော ဦးလေးကိူ ပါးစပ်ကလည်းသတိပေး လက်ကလည်း အံဆွဲထဲက ယပ်တောင် တစ်ချောင်းကို ယူကာ ကမါးပေးရင်း -
"ခဏနေရင် အေးသွားလိမ့်မယ်...အဲကွန်းဖွင့်လို့မရဖူး"

KinnPorsche (Myanmar Translation)Where stories live. Discover now