Book(4) : 38(A)

601 35 0
                                    

Chapter 38-A : Search ...
((VegasPete story : Ep 46+47 နဲ့ ဆက်စပ်ပြီး တွဲဖတ်လို့ရ))

အဆက် >> Porsche သူ့မိဘတွေနှင့် သခင်ကြီးခွန် ကြား ဆက်နွယ်နေမှုကို စရှာ >>

Porsche's Pov

"ဘုန်းကြီးကျောင်းကို ကုသိုလ်ပြုလာတာလည်း မင်းအတွက်အလုပ်မဖြစ်ဖူးပေါ့?"
Arm ပါးစပ်ကလည်း ပြောရင်း သူ့လက်မောင်းကို အတင်းကုပ်တွယ်ထားသည့် Pete လက်တွေကိုလည်း ဖယ်ချနေသည်...

ဂျေးရဲ့ဆိုင်ကို ညမသွားခင် ဘုန်းကြီးကျောင်းကို အရင်လာပြီး Pete အတွက် ကံနိမ့်ကံညံ့ တွေကို စင်ကြယ်အောင် အရင်လာလုပ်ပေးနေကြခြင်းဖြစ်တယ်...
ဘာလို့ဆို - လက်အောက်ခံအိမ်တော်ကနေ Pete လွတ်လာခဲ့ပြီးနောက်ပိုင်း .. သူကအချိန်ပြည့် သတိနဲ့ ဖြစ်နေပြီး ရုတ်တရက် အသံကျယ်ကျယ်တချို့ ကြားမိလိုက်ရင်တောင် လိပ်ပြာလွင့်တော့မလို ထခုန်လုမတတ်ဖြစ်ဖြစ်နေလို့ပဲ ..

Vegas ... မင်း ငါ့သူငယ်ချင်းကို ဘာတွေ လုပ်ခဲ့တာလဲ??

"ငါတို့က ဒီကို အပျော်ရှာဖို့ လာခဲ့တာ ... စိတ်ညစ်စရာအတိတ်တွေကို အကုန်မေ့ထားခဲ့ပြီး စိတ်လွှတ်ကိုယ်လွှတ်သာ ကဲ !! ပြီးတော့ Pete ... ဒီည မင်းစိတ်ကြိုက် မှာခွင့်ရှိတယ်!! ငါ အကုန်ရှင်းပေးမှာ! အိုခေ?"
Tankhun က ရွှင်မြူးတက်ကြွစွါ ကြေညာပြီး Pete လည်ပင်းကို သိုင်းဖက်ထား၏...

"ဟေး ... မင်းပြောတော့ ဘားတစ်ခုလုံးကို ငါတို့အတွက် သီးသန့်ဖယ်ခိုင်းထားပြီးပြီဆို ... ဘာလို့ မျက်နှာစိမ်းတွေကိုဆိုင်ထဲမှာတွေ့နေရတာလဲ?"
Kim က ခပ်မိုက်မိုက်စတိုင် လက်ပိုက်ရပ်နေရင်း ဆိုင်ဝင်ပေါက်ကို မေးငေါ့ပြတယ်...

"လူစိမ်းတွေ??"
Tankhun က ဝင်ပေါက်ကို အပြူးအပြဲလှမ်းကြည့်ပြီး တကယ်လည်း ဆိုင်ထဲဝင်ထွက်နေသည့် ဧည့်သည်အချို့ကို မြင်လိုက်စဉ် -
"ဟေး!!!! ဒီလူတွေအကုန်လုံးကို ငါ့မျက်စိရှေ့ကနေ ဖယ်ထုတ်ပစ်စမ်း!!!"

"စိတ်လျော့စမ်း khun ... မင်းပျော်ဖိူ့အတွက်နဲ့ တခြားလူတွေရဲ့ ပျော်ရွှင်မှုကို မဖျက်စီးရဖူးလေ"
Kinn သူ့အစ်ကို ကို ကြည့်ပြီး ခေါင်းတခါခါ ...

နီရဲတောက်နေသော မျက်လုံးတွေဖြင့် Tankhun ကျွန်တော့်ကို စိုက်ကြည့်လာပြီး -
"Porsche!! မင်းကို booking ကြိုတင်ခိုင်းထားတာလေ!! အခုက ဘာတွေလဲ!!!"

KinnPorsche (Myanmar Translation)Where stories live. Discover now