Book(3) : 31(B)

803 60 0
                                    

Chapter 31-B : Edit ...

အဆက် >> တဝမ် Kinn ဆီ မုန့်လာပို့>

Kinn's Pov

ကျွန်တော့်ရုံးခန်းထဲ ဝင်လာသူက Porsche ဆိုရင် နဲနဲလေးတောင် စိတ်ညစ်ညူးမိမည်မဟုတ် .. အခုတဖွဲဖွဲရောက်လာသူတွေက ပြသနာတွေတက်အောင်လုပ်ခဲ့သူမို့ ရူးချင်စိတ်တောင် ပေါက်သည် ...

စားပွဲပေါ်ပြန့်ကျဲနေသည့် စာရွက်တွေကိုစုသိမ်းကာ အံဆွဲထဲ ထဲ့ရင်း -
"အစ်ကိုတဝမ် က အင်္ဂလန်ကိုမပြန်သေးဖူးလား??"

"မင်းပြောနေတဲ့ပုံကြီးက ငါ့ကိုအတင်းနှင်နေသလိုပဲ"
တဝမ်က နှုတ်ခမ်းစူပြီး ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် ကျွန်တော့်ကိုကြည့်သည်...

သူနှုတ်ခမ်းစူရင် ချစ်ဖို့ကောင်းတယ်လို့ အရင်ကထင်ခဲ့ဖူးပေမဲ့ အခုတော့ စိတ်လေဖို့သာကောင်းတော့သည်...
အကယ်၍ Porsche သာဆိုရင် - မျက်မှောင်ကုတ်နေလည်း ချစ်ဖို့ကောင်းတယ် ၊ သူ မကြိုက်တာတစ်ခုခု ကျွန်တော်ပြောလိုက်လို့ ကျွန်တော့်မျက်နှာကို သူ ကုတ်ခြတ်လာလည်း ကြိုက်ဆဲပဲ ...
နေအူး ... Porsche ဆိုမှ ... သူပြောသွားခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရသွားသည်...

"အစ်ကိုတဝမ် Porsche ကို သွားတွေ့ခဲ့သေးလား??"
ကျွန်တော်စူးရဲစွါစိုက်ကြည့်ပြီးမေးလိုက်တော့ တဝမ် မျက်နှာတစ်ချက်ပျက်သွားသည် ... ဒါနဲ့တင် အဖြေကတန်းပေါ်နေပြီ !

"ဘာလို့ သူ့ကို သွားရှုပ်နေတာလဲ!!??"
လေသံ ခပ်မာမာပြောလိုက်တော့ တဝမ် က ကျွန်တော့်အကြည့်တွေကို ရှောင်၏... ဒါကိုက သံသယဖြစ်စရာပဲ!!

"Porsche လာတိုင်သွားတယ်ပေါ့?"
တဝမ် က လေသံအေးအေးလေးနဲ့သာ ပြန်တုံ့ပြန်လာသည်...

"တိုင်တာ မတိုင်တာက အရေးမကြီးဖူး. အခုကျွန်တော်သိချင်နေတာက - သူ့ကို ဘာလို့သွားရှုပ်ရတာလဲ??"

"ဒီအတိုင်း လမ်းကြုံလို့ တွေ့ခဲ့ရုံတင်ပါ"
တဝမ်ရဲ့ ဟန်အမူအရာက ကျွန်တော့်ကို ဒေါသတွေ တလိပ်လိပ်တက်လာစေသည် ...
လိမ်ညာနေတာမှန်း အသိသာကြီးကိုကွာ!! တဝမ် လိုလူမျိုးက Porsche ကို လမ်းကြုံဝင်တွေ့တယ်ဆိုတာ ဖြစ်နိုင်မလားဟ? Porsche အပေါ် တဝမ် ဘယ်လိုခြိမ်းခြောက်စကားတွေသုံးခဲ့လဲဆိုတာ အတိအကျမသိရတော့ ပိုဒေါသထွက်ရသည် ..
အခုဆိုရင် တဝမ် ကို ကျွန်တော်လုံးဝ မချစ်တော့ကြောင်း၊ သံယောဇဉ်မရှိတော့ကြောင်း အတိအလင်းကို ပြောရဲပြီ ! သူ့ကို မြင်လိုက်ရတာနဲ့တင် ကျွန်တော့်အနားလာမှာကို တွေးကြောက်နေပြီ !

KinnPorsche (Myanmar Translation)Where stories live. Discover now