Book (1) : 08(A)

782 67 2
                                    

Chapter 08-A : Forgotten

Porsche's Pov

ရေကူးကန်ဘောင်ကို လက်နဲ့တွဲခိုထားရင်း မျက်မှောင်ကြုတ်ထားမိတယ်..
ဒီနေ့စစ်တဲ့ ရေကူးစာမေးပွဲမှာလည်း အာရုံမရနိုင်... အခုချိန် ရေထဲဒိုင်ဗင်ထပ်ပစ်၊ မြေကြီးထဲလျှိုဝင်ပီးသား ပျောက်ကွယ်ချင်မိတော့သည်...

မနေ့ညက ကျွန်တော် သတ်ခဲ့မိသည့် ငါးတွေ အကြောင်း အတွေးထဲမှာ တဝဲလည်လည်... ဘာတွေဆက်ဖြစ်မှာလဲ မသိဖူး??
အခုအခြေအနေနဲ့ ဘာပြသနာအသစ်မှကို ထပ်မရချင်တာ...
အဲ့ဒီ ငါး တွေသေရတာက သူတို့ရေကန်ထဲ သေးတွေစီးသွားတာကို တအားတွေ ဆန်းဆန်းတစ်(အထိမခံ) တွေဖြစ်ပီး သေသွားကြတာ...

"ဘာလို့ မင့်မျက်နှာကြီးက တစ်ချိန်လုံး တအားတွေစိတ်ဖိစီးနေတဲ့ ပုံပေါက်နေရတာလဲ??"
Tem က ကျွန်တော့်အနားရေကူးလာရင်းမေးတယ်...
Jom ကတာ့ ဒဏ်ရာအခြေအနေတွေကြောင့် ရေထဲဆင်းခွင့်မရတာမို့ ကန်ဘောင်ပေါ်မှာ ခြေဆင်းထိုင်နေသည်... သူကတော့ လက်တွေ့စာမေးပွဲမဖြေရပဲ စာတွေ့နဲ့ပဲ ဒီတစ်ခါအတွက် ဖြေရမည်...

"What the Hell... တစ်ချိန်လုံး?? ငါ့ရဲ့အချိန်အကြောင်း ပြောချင်ကြလား??"
ကျွန်တော့်ရဲ့ ဖိစီးနေတဲ့မျက်နှာနဲ့ ဗလုံးဗထွေး စကားတွေကြောင့် သူငယ်ချင်း ၂ယောက် ထူးဆန်းနေကြသည်... ကျွနိတော်က တော်ရုံတန်ရုံ စိတ်ခံစားချက်တွေကို ထုတ်ပြတဲ့သူ မဟုတ်...
"ဟူး... ငါတကယ် စိတ်ဖိစီးနေတာ..."
ကျွန်တော် ရေထဲကနေထွက်ပီး Jom ရဲ့ဘေး ကန်ဘောင်ပေါ်မှာတင်ပလွှဲထိုင်လိုက်သည်...

"ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ကို ပြောကြည့်လေ... ငါတို့ကူညီနိုင်ရင် နိုင်မှာပေါ့??"
Tem က ရေထဲမှာ ကိုယ်ဖော့ထားရင်း ကျွန်တော့်မျက်နှာကို စိတ်ပူစွါမော့ကြည့်နေသည်...
လိမ္မော်ရောင် ရေကူးခေါင်းစွပ်ကြီးကို စွပ်ထားပီး ရေထဲပေါလောပေါလော ပေါ်နေသည့် Tem ကို ငုံ့ကြည့်နေရတာက သေသွားတဲ့ ဟိုရောင်စုံငါးတွေကို ပိုပို သတိရစေနေမိတယ်...
ချီး !!!

သာမာန်လူတစ်ယောက်ရဲ့ ငါးကို ကျွန်တော်မတော်တဆ သတ်လိုက်မိတယ် ဆိုပါစို့ - ကျွန်တော်သေချာတောင်းပန်လိုက်ရင် ရသွားပီ...
အခုက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ အချစ်ဆုံး၊ အကြီးဆုံးသားရဲ့ အိမ်မွှေးအချစ်တော်ငါး ၂ ကောင် ကို မတော်တဆ သတ်ခဲ့မိတာ ....
သူ ငါ့ကို ပစ်သတ်လောက်လား???

KinnPorsche (Myanmar Translation)Where stories live. Discover now