Book(2) : Final(B)

834 62 3
                                    

Chapter 30-B : Too late ...

အဆက် >> Kinn နောင်တတွေရ ၊ တစ်ယောက်တည်း အခန်းထဲမှာ ပုလင်းထောင်နေချိန် တဝမ် ဆီက ဖုန်းဝင်လာ >>

Kinn's Pov

ခေါ်ဆိုသူက -
'အစ်ကို တဝမ်'

ဖုန်းစကရင်မှာ ပေါ်နေတဲ့ သူက ကျွန်တော်အမုန်းဆုံးလူ ! သူ့ကြောင့် အတိတ်မှာလည်း နာကျင်မှုတွေတနင့်တပိုးခံစားခဲ့ရပြီး နောက်ထပ်မချစ်ရဲတော့အောင်ထိ စိတ်ဒဏ်ရာတွေ ပေးခဲ့သူ !! ချစ်ရတဲ့သူတွေ့ပြီဆိုတဲ့အချိန်မှာ အတိတ်က ဖြစ်ရပ်တွေကအတွေးထဲ ပြန်ဝင်လာလို့ အကုန်ကိုယ်ကျိုးနဲခဲ့ရသည်. တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းသလို ၊ အချိန်ကိုက် ပြန်လာခဲ့တဲ့ တဝမ် ကိုလည်း ဒေါသထွက်တယ် !!

အတိတ်ကမှတ်ဥာဏ်တွေက သာယာအေးချမ်းနေတဲ့ ပစ္စုပ္ပန်ကို မွှေနှောက်ဖျက်ဆီးသွားခဲ့ခြင်း ...

ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အခန်းနံရံဆီ အားကုန် ပစ်ပေါက် ပစ်သည် ... တောက်လျှောက်ဖြစ်ပျက်နေတာတွေကို စိတ်ကုန်လှပြီ ! လူတစ်ယောက် ရဲ့ စိုးမိုးမှုကို ဘယ်အချိန်ထိ ခွင့်ပြုထားအုံးမှာလဲ ? မင်း သူ့ကို အတွေးထဲမှာ လက်မလွှတ်နိုင်သေးဖူးလား?

Porsche နဲ့ အတူရှိနေတဲ့အချိန်တွေမှာဆို ကျွန်တော်ပျော်တယ် ... Porsche တစ်ခုခုကို မကျေနပ်တဲ့အချိန် မျက်မှောင်တွေ စုကြုံ့လာတတ်တာကို ကျွန်တော်သဘောကျတယ် ... သူနဲ့အတူရှိနေရတာကို ကျွန်တော်နှစ်ခြိုက်တယ် ..
သူနဲ့အတူရှိနေရင် - မာဖီးယားအိမ်တော်ရဲ့ ဒုတိယသား ၊ ဟန်ဆောင်မျက်နှာဖုံးနဲ့ လုပ်ငန်းကိစ္စကလွဲ ဘာမှ ဂရုမစိုက်တဲ့ Kinn ၊ ဘယ်ကိစ္စကိုမဆို ဖြေရှင်းနိုင်တဲ့ Kinn ဆိုတဲ့ ဂုဏ်ပုဒ်တွေအကုန် ကျွန်တော်မေ့ထားနိုင်လို့ ...
Porsche နဲ့ ဆိုရင် ကျွန်တော်က သာမာန်လူသားတစ်ယောက် ၊ ဘဝရဲ့နေ့ရက်တွေကို သက်သောင့်သက်သာ ဖြတ်သန်းနေတဲ့ ပုံမှန်လူသားတစ်ယောက်လို့ ခံစားရတယ် ...
သူ့အပေါ် ကျွန်တော်အရူးအမူးဖြစ်နေတာကို ကြည့်ပြီး သူ့မျက်လုံးတွေက ပြုံးရွှင်ကျေနပ်နေတာကို ကျွန်တော်သဘောကျတယ် ...

အစ်ကိုတဝမ် နဲ့ တွဲခဲ့စဉ်တုန်းက သူ့အနားမှာဆိုရင် ကျွန်တော့်မူရင်းပုံစံအတိုင်း လွှတ်လပ်မှုကို ခံစားခဲ့ရတာမှန်ပေမဲ့ မသိသာတဲ့ အလွှာပါးလေးတစ်ခုကတော့ ခြားနေဆဲ ... သူကျွန်တော့်ကို တွဲခဲ့တာက သူနဲ့ လယ်ဗယ်တူတဲ့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်းကြောင့်မို့သာ ...တဝမ် နဲ့ ကျွန်တော် က ထိပ်တန်း စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေရဲ့ သားတွေမို့ အပေါင်းအသင်းတွေနဲ့ တွေ့တဲ့အချိန် ၊ ပွဲတွေတက်တဲ့အချိန်တွေမှာ နှစ်ယောက်စလုံးက perfect ဖြစ်နေအောင် အမြဲနေပြရတယ် ...

KinnPorsche (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon